အခန်း(၁၀)

208 5 0
                                    

အခန်း (၁၀)

" သယ်... အမိုက်မ ကျေးကျွန်မက ရာရာစစ ရွှေပုံထဲက ရွှေခွက်ကိုနှိုက်ချင်တယ်ပေါ့လေ"

ခပ်ထန်မာကြောလှသော အသံဩဩကြီးကြောင့် သူမလန့်သွားပြီး မျက်လုံးများဖျတ်ကနဲဖွင့်ကြည့်လိုက်လေရာ သူမမြင်လိုက်ရသည်က ... 

စော်ဘွားအဆောင်အယောင်များနှင့် ခန့်ညားလှသည့် ရှမ်းအဖိုးကြီးတစ်ဦး...သူ၏မျက်လုံးများက စူးရှလွန်းလှသည်။

"ဒူးထောက်ခစားစမ်း ကျွန်တော်မ  ရာရာစစ သင်က ကျွန်ုပ် အခွင့်မပေးပါပဲနှင့် ခြေရာတိုင်း ရင်ပေါင်တန်း မတ်မတ်ရပ်ရဲရတယ်လို့ စော်စော်ကားကား   ရဲတင်းလှချည်လား"

အာဏာစက်ပြင်းထန်လွန်းသော အမိန့်သံအဆုံးတွင် သူမဒူးအစုံတို့အလိုလိုထောက်မိလျက်သားဖြစ်သွားရလေ၏။ ထို့နောက် ထိုအဖိုးကြီး၏လက်ထဲတွင် ရတနာများစီခြယ်ထားသော ဓါးရှည်တစ်ချောင်းပေါ်လာကာ သူမ၏ ကုတ်ပိုးအားမိုးလျက်...

သူမ တောင်းပန်သော်လည်း နှုတ်ဖျားမှစကားတို့ထွက်ကျမလာ... လည်ချောင်းဝတွင်သာ တစ်ဆို့ပျောက်ကွယ်သွားရလေသည်....

"ညည်းကများ ရာရာစစ ...နင့်လိုကျွန်သီးတော်သွေးညစ်က ရာဇသွေးနဲ့နှောချင်တာဟုတ်စ ...  ကိုင်း နှောပေလေ့ ဟဲ့ ကိုင်း"

ထိုအဖိုးကြီး၏ဓါးကိုင်လက်က အပေါ်သို့မြောက်တက်သွားပြီး အားကုန်လွှဲကာသူမ၏ လည်တ်ိုင်ကျော့ကျော့လေးဆီသို့.....

"အား....မလုပ်ပါနဲ့"

သူမ၏နှုတ်ဖျားမှ တောင်းပန်သံထွက်လာခဲ့သော်လည်း နောက်ကျသွားခဲ့လေပြီ...

"ဒုတ်"

နာကျင်မှုကြောင့်သူမဆတ်ကနဲရုန်းထလန့်နိုးလာပြီး လည်ကုတ်အားယောင်ယမ်းကာ အသည်းအသန်စမ်းလိုက်မိလေ၏။
သွေးတွေများထွက်နေမည်လား...
ထို့နောက်တော့မှ အိပ်မက်မက်နေမှန်း သတိထားမိသွားကာ သက်ပြင်းမောလေးချရင်း ရင်ဘတ်လေးကို လက်နှင့်ဖိကာ ပြုံးနိုင်လေတော့သည်။

ချမ်းအေးသောညဖြစ်သော်လည်း အိပ်မက်ဆိုးမက်ထားသောကြောင့် ချွေးပေါက် ချွေးသီးလေးတစ်ချို့ကတွဲလွဲ ခိုနေလေရာ ချွေးအအေးပတ်မည်စိုး၍ အဝတ်ထလဲရန် ကုတင်ပေါ်မှဆင်းလိုက်လေသည်။ ဆရာဝန်ကဆေးထိုးသွားဟန်တူသည်...ညာဘက်တင်ပါးအောင့်သက်သက်ဖြစ်နေပြီး လက်မောင်းနားတွင်ကြည့်လိုက်တော့ ဂွမ်းစလေးကို ပလာစတာနှင့်ကပ်ကာအုပ်ထားလေ၏။
ဆေးသွင်း၊ဆေးထိုးလုပ်ခဲ့ရသည်ပဲ...သူမခြူချာ နေပြီလားဟုသူမကိုယ်သူမပြန်မေးမိသည်။

Dear Tharapa Where stories live. Discover now