အခန်း-၂၀

198 3 0
                                    

အခန်း (၂၀)

"တောက်... ရောက်ခဲလိုက်တာကွာ...နှေးလိုက်တာ...ဟင်း"

ချစ်သူမျက်နှာကိုတွေ့ချင်လှသော မေတ္တာဇောတို့က သူမောင်းနေသောကားထက်ပိုမြန်နေသယောင်။ မာမားအားစိတ်ဆိုးသောစိတ်၊ နောက်ကျိနေသောစိတ်တို့ကို ခေတ္တ အနားယူရန်  ပတ္တရားရှိသူငယ်ချင်းများနှင့်အတူလည်ပတ်ပျော်ပါးနေခဲ့လေ၏။
သရပါကိုဦးနှောက်ထဲမှ ခေတ္တမေ့ဖျောက်ထားခဲ့သည်။

အချစ်သည် မူးယစ်ဆေးဝါးတစ်မျိုးပင်... အမြင်အာရုံတွေမောက်မှားစေသည်...ထိုမူးယစ်ဆေးဝါးကိုနှလုံးသားထဲ ထိုးသွင်းထားလျှင်တော့... ရူးသွပ်သွားစေနိုင်ပေသည်။

"တီ... တီ.... ပွမ်"

"ကျွီ... ဝီ ဝီ"

ရုတ်တရက်မြင်ကွင်းရှေ့ဝင်လာသောလူရိပ်တစ်ခုကြောင့် သူအချိန်မ်ီဘရိိတ်နင်းကာ အရှိန်သတ်လိုက်ရ၏။ ထို့နောက်ကားကိုချက်ချင်းပင်စက်သတ်ကာ ထိုလူဆီသို့အကူအညီပေးရန် ပြေးထွက်ခဲ့သည်။

သူရူးကြီးတစ်ယောက်လားထင်သော်လည်း ကားနှင့်မတိုက်မိသောကြောင့်တော်ပါသေးရဲ့ဟု သက်ပြင်းချမိသည်။သို့သော် လမ်းကူးရင်းခလုတ်တိုက်လဲသဖြင့် ဖေးမရန် လာခဲ့ခြင်းပင်။

"တုံ ... တုံ... တုံ... တုံ"

"ဂျောက် ဂျောက်... ဂတ် ဂတ်"

ထိုဆံပင်စုတ်ဖွားနှင့်အဖိုးကြီးလက်ထဲရှိတောင်ဝှေးထိပ်တွင် ဗမာ့ရိုးရာမြေရုပ်လေးများနှင့်အတူ ကလေးကစားစရာပလုတ်တုတ်ဟုခေါ်သော အရုပ်ကလေးတို့ကိုပူးတွဲ၍ချည်ထားခြင်းကြောင့် ထွက်ပေါ်လာသောအသံများပင်။ စိတ်သိပ်နှံ့သည့်ပုံမပေါ်။

"အဘ....ရရဲ့လားဟင်...ခါးနာတာ...အရိုးနာတာတွေဖြစ်လားဟင် အဘ သားဆေးခန်းပို့ပေးရမလား"

ထိုအဖိုးကြီးက လက်ကာပြလိုက်ပြီး...

"ရရဲ့လားမမေးနဲ့...ရအောင်ယူတတ်ရင်ရတာချည်းပဲ ....ဆေးခန်းမလိုဘူး ... ဇီဝကရှိတယ်... အဟေ့... ပလို့ ဂျိ"

သေချာလေပြိီ။ ထိုအဖိုးကြီးကိုကြည့်ပြီး ဂရုဏာလည်းသက် ရယ်လည်းရယ်ချင်သွားရသည်။  ရှုပါလော့မိတ်ဆွေ ... ထိုအဖိုးကြီး၏သွင်ပြင်ကား... ချေးအထပ်ထပ်၊ဆံပင်ရှည်ကျိုးတိုး  ကျဲတဲအား ရေသည်ယောကျာ်းနှယ်စည်းထားလိုက်သေး... အဖာအထေးရာအထပ်ထပ်နှင့် သင်္ကန်းလို ကိုယ်ရုံအားသာ အရှက်လုံရုံလွှမ်းခြုံထားလေ၏။ သို့သော်ထူးခြားတာက ထိုအဖိုးကြီး၏မျက်လုံးများပင်...

Dear Tharapa Where stories live. Discover now