Dear Tharapa
( ချစ်သော... သရပါ)အခန်း (၉)
"တုံးကျော်မ"သီချင်း ကပြီးသည်အထိ သူ့ရင်တွေ ပေါက်ထွက်မတတ် ခုန်၍နေသည်...
တကယ့်ကို Surprise ပါပဲသရပါရယ်... ဘုရားကျွန် တဲ့လားကွာ... ဒီလို အဆင်းရောအချင်းပါလှတဲ့ ကလေးလေးက ဘုရားကျွန်အနွယ်ဝင်တဲ့လားကွယ် ... မမျှတလိုက်တဲ့ ကံတွေကွာ ...အလကားကျိန်စာတွေ
ထို့နောက် ရွာခံ သရပါ၏သူငယ်ချင်းအပျိုလေးများ ထဘီတို ရေအိုးလေး ဝါးခမောက်လေးများ ဖြင့် ကောက်စိုက်သမဟန်ဖြင့်ထွက်လာပြီး မြင့်မြင့်ကြည်၏ "ရွာသာယာ" သီချင်းဖြင့်ကပြဖျော်ဖြေလေ၏။
"ဟင်... သ..သရပါရော..သရပါဘယ်ရောက်"
"ဘုတ်"
"အ နာတယ်သူတောင်းစားရ"
ဂဏှာမငြိမ် ဖြစ်နေသော သူ့အားစွမ်းထက်ကလက်သီးဖြင့်ပေါင်ကိုထိုးလိုက်ပြီး...
"ကိုယ့်သိက္ခာနဲ့ကိုယ်နေစမ်းဟိတ်ကောင်...ယောကျာ်းစပ်စလူးလုပ်မနေနဲ့"
ထိုတော့မှသူလည်း ဟန်တစ်ခွဲသားနှင့် အိန္ဒြေဆယ်ကာ စိတ်မပါ လက်မပါဖြင့် ထိုင်ကြည့်နေမိလေတော့သည်။ ထိုအပုဒ်အပြီး အိမ်အပေါ်ထက်သို့ခေတ္တတက်ကာ အမောသွားဖြေနေသော သရပါပြန်ထွက်လာပြီး လေဘာတီမမြရင်၏ အလှူ့အမ သီချင်းဖြင့် ကလေတော့မှ သကောင့်သားက ငြိမ်ကျသွားကာ သရပါ၏ အက အလှ တွင်မျောနေလေတော့သည်... ထို့အတူ ရွာရှိကာလသားတစ်ချို့လည်းအတူတူပင်...
စဝ်ခွန်ဆိုင်၏အတွေးထဲတွင်တော့ ဖြစ်နိုင်လျှင် သရပါအား မည်သူမျှကြည့်တာပင်မကြိုက်ချင်တော့... သူတစ်ယောက်တည်းအဝရှုစားချင်သည်... ဘာမျှမဆိုင်သေးပါပဲနှင့်သဝန်ကြောင်နေမိသည့် သူ့ကိုယ် အားမလိုအားမရဖြစ်ရသည်။
" အငြိမ့်မင်းသမီးများ ရည်းစားထားတဲ့ လူဆိုတာမျိုးနော် .... သဘောနည်းနည်းကြီးဦးမှပေါ့ သခင်ရယ်... မီးရောင်အောက်ကိုဝင်ရင် လူပြက်တွေနဲ့ ပြောတော့ သူ့သဘောထဲအလွန်တရာ မကြည်မလင် .. ဪမြရင် မြရင် မြရင် ချစ်ကြပေသရှင် ပြည်တစ်ခွင် သူ့အချစ်မျိုးက ...ဘယ်အချိုးအစားလဲ တကယ်ကိုအားမရနိုင်ရှာအောင်ပင် ...ပေါ်ပေါ်ထင်ထင်ဖြစ်ချင်ကြလျှင်"
YOU ARE READING
Dear Tharapa
Storie d'amoreသရပါတို့ဘဝမှာ မေမေ ဒေါသအကြီးအကျယ်ထွက်တာကိုထိုစဉ်ကသူမ ပထမဆုံးမြင်ဖူးခြင်းပင်... ဖေဖေ့ကို ပစ္စည်းများဖြင့်ကောက်ပေါက်သည်။ အိမ်ထဲဝင်မခံ အိမ်ရှေ့ပေါက်ဝ တွင်ဖေဖေအိပ်ရသည် ။ ဖေဖေ ဝမ်းနည်း ငိုယိုပြီးတောင်းပန်သည် ...မရ ။ နောက်ဆုံး အိမ်ရှေ့ကပြင်မှာပဲ ဖေဖေ အိပ...