အခန်း(၁၁)

195 3 2
                                    

အခန်း ၁၁

"စကားတောင်စား...မွေးထားတဲ့သားလိုလို
ကြားသူမှာ ဖရဏာပီတိ ဂွမ်းဆီထိပုံ တအိအိစို
စေတနာ သဒ္ဓါထား ...တကယ်ရိုးသားရဲ့လားအစ်ကို ကဗျာအလား တာသွား လျှာဖျား စကားတက္ကသိုလ်"

တဖြောက်ဖြောက်ကျနေသည့်မိုးပြေးလေးတိတ်သွားပြီမို့ တစ်နေကုန်လည်း ကြီးကြီးနွဲ့က အေးအေးနေပါဟုတားထားသဖြင့် ဘာအလုပ်မှလုပ်ခွင့်မရ၊ ထို့ကြောင့် ယခုလို မိုးရွာပြီးကာစ မြေနံ့သင်းသင်းလေးနှင့် အနောက်ဂေါယာကျွန်းသို့ အလုပ်ပြန်ရန် ပြင်ဆင်နေသော နေမင်းကြီး၏ ဖျော့တော့ လှပသည့် ညနေခင်း အလင်းရောင် ကြောင့် ဆန်ဗန်းတစ်ချပ်နှင့် ခြံထဲရှိကွပ်ပျစ်တွင် သီချင်းလေးတအေးအေးနှင့် ဆန်ပြာနေမိ၏။

" ရာသက်ပန် ရွယ်ကိုးမိတယ် လွဲရှောင်သွေပါဘူးယုံကွယ် ကျမ်းသစ္စာတော် သုံးကာရယ် မြတ်ဘုရားထံပါး စကားဆိုမယ်"

" ဟဲ့ သမီးလေး သရပါ... နားနားနေနေ နေပါဆိကွယ် လေစိမ်းတွေလည်းတိုက်နေတာကို အေးကအေးနဲ့ "

လက်ထဲတွင် အဖေ့၏ ယောဂီရောင် လွယ်အိတ်နှင့် သရဖီလေးအားလက်ဆွဲကာ ထွက်လာသော ဒေါ်နွဲ့မူက သူမအား စိုးရိမ်စွာဖြင့်သတိပေးလိုက်လေသည်။

"ရပါတယ်အနွဲ့ရယ်...သရပါက ဖျားတာမှမဟုတ်တာ ပြီးတော့ တစ်နေကုန် အခန်းထဲအောင်းနေရတာ ငြီးစီစီဖြစ်လာပြီလေ... ဒါနဲ့ အနွဲ့တို့ကဘယ်တုန်း အဖေ့လွယ်အိတ်ကြီးနဲ့"

ဒေါ်နွဲ့မူက သရဖီလေးအား လွယ်အ်ိတ်လျှိုပေးကာ တစ်ဖက်မှလည်း ကွမ်းအစ်ကြီးကိုပိုက်၍

"ဒေါ်ချစ်မွှေး သားအငယ်ကောင် ရေချတော့မှာလေ ...အဲ အဲ သ င်္ဘောတက်မှာလေ ... ထုံးစံအတိုင်း ဝါသနာဖျောက်မရ ဦးရှင်ကြီးတင်ပေါ့အေ ... ညည်းအမေကို များသတိရနေပြန်ပလားမသိဘူးဟေ့... အကုန်မေ့ကျန်ခဲ့တာ လိုက်ပေးမလို့ကွယ် "

သို့ကလို ...ပွစိပွစိပြောပြီး သရဖီလေးလက်ဆွဲကာ ရွာမြောက်ဘက်ရှိ အရီးချစ်မွှေးတို့ခြံဝိုင်းသို့ထွက်ချသွားလေတော့သည်။

ဖေဖေ မေမေ့ကိုလွမ်းမည်ဆိုလည်းလွမ်းချင်စရာ... နတ်ပင့် ၊ နတ်တင်တာဖေဖေ့ဝါသနာ... အထူးသဖြင့် ထွက်ရပ်ပေါက်ဝိဇ္ဇာများဖြစ်သော ပထမံ ဘိုးဘိုးအောင်၊ဘိုးမင်းခေါင်တို့ကို အထူးကိုးကွယ်အားထားသည်။ ထို့ကြောင့် တော်ရုံသူမတို့ဆီပြန်လာခဲလေသည်။ ထန်းတောတွင်အိပ်ရင်အိပ် ၊ မအိပ်လျှင် ပုပ္ပါးတောင်ကလပ်ရှိ အဘ နတ်နန်းတွင် ဝေယျာဝစ္စပြုလုပ်ရင်း အိပ်နေကျပင်။

Dear Tharapa Where stories live. Discover now