အခန်း(၁၈)
"နင်အခုချက်ချင်း အဲ့ဒီအထုပ်တွေချလိုက်စမ်း ခွန်လောဝ်"
"နန်းလုံ...မင်းအရမ်းလွန်နေပြီနော်...ငါမင်းကိုကြောက်တယ်မထင်နဲ့ ငါထွက်သွားမှာ မင်းနဲ့အဝေးကြီးကိုထွက်သွားမှာ"
ပြောပြောဆိုဆို အထုပ်များဆွဲနေသော သူ့အား သူမ ကြည့်နေရင်း သတ်ပစ်ချင်စိတ်များတဖွားဖွားပေါ်လာလေတော့၏။
"တောက်.... နင့်ကိုငါမသွားနဲ့လို့အမိန့်ပေးနေတာနာခံလိုက်စမ်း ... နင်အဲ့ဒီကောင်မဆီသွားမလို့မဟုတ်လား ဖြေစမ်း ဖြေစမ်း"
သူကသူမ၏ဆွဲရမ်းနေသောလက်များအား ဆောင့်ဆွဲဖြုတ်ချကာ ခြေလှမ်းကြဲကြီးများဖြင့် ...
"ပြောလို့မရဘူးလား... အေး အေး နင်သေမှငါ့ဆီကသွားလို့ရမယ် ...နင်လုပ်ကြည့် ဖာဂေါင်း ဖောက်ပြန်တဲ့အကောင်"
သူမပြောပြောဆိုဆို ဧည့်ခန်းဆောင်အနောက်ဘက်ရှိ စာကြည့်ခန်းထဲသို့ပြေးဝင်သွားကာ ထိုအခန်းထဲရှိ မီးလင်းဖိုဘေးနံရံတွင်ချိတ်ထားသော 1967 ခုထုတ်" Ruger.No1 " တစ်တောင့်ထိုး သမင်ပစ်ရိုင်ဖယ်အား ဒေါသတကြီးဆွဲဖြုတ်လိုက်ပြီး မောင်းတင်ကာ အိမ်မကြီးထဲသို့ပြန်လည်ပြေးထွက်လာလေ၏။
" နန်းလုံ...နန်းလုံ... စိတ်ထိန်းစမ်း "
"အိုက်နွမ့် နင်ဖယ်စမ်း... နင့်ကိုပါငါပစ်မှာနော် ဒီလိုအောက်တန်းစားကို နင်တို့မို့လို့ ဝိုင်းကာပေးနေတယ် ဖယ်စမ်း မဖယ်ရင် အကုန်သတ်ပစ်မယ်"
သူမကအိုက်နွမ့်အား ဆောင့်တွန်းကာ ခြံထဲတွင် အလောတကြီး ဆ်ိုင်ကယ်စက်နှိုးနေသော သူ့အား ထိုးချိန်ကာ ပစ်ချလိုက်လေသည်။
"ဒိန်း..."
"အာ... အိုက်နွမ့်...အစ်ကို ..နင်ဘာလုပ်တာလဲ...ဒီအောက်တန်းစား ဖာဂေါင်းကို မသေစေချင်ရင် နင်အစားသေပေးလိုက်"
အိုက်နွမ့်ကအချိန်မီသေနတ်ကိုပုတ်၍ဘေးသို့ချော်စေလိုက်သောကြောင့်ပင်...
"နင့်ဘာသာနင် ဒီကောင့်ကိုရွေးချယ်တာလေ...မယ်တော်တားနေတဲ့ကြားက နင်တစ်လောကလုံးကို ဆဲဆိုပြီး နင်ရအောင်ယူထားတာလေ"

YOU ARE READING
Dear Tharapa
Romanceသရပါတို့ဘဝမှာ မေမေ ဒေါသအကြီးအကျယ်ထွက်တာကိုထိုစဉ်ကသူမ ပထမဆုံးမြင်ဖူးခြင်းပင်... ဖေဖေ့ကို ပစ္စည်းများဖြင့်ကောက်ပေါက်သည်။ အိမ်ထဲဝင်မခံ အိမ်ရှေ့ပေါက်ဝ တွင်ဖေဖေအိပ်ရသည် ။ ဖေဖေ ဝမ်းနည်း ငိုယိုပြီးတောင်းပန်သည် ...မရ ။ နောက်ဆုံး အိမ်ရှေ့ကပြင်မှာပဲ ဖေဖေ အိပ...