အခန်း ၂၁

214 5 0
                                    

အခန်း(၂၁)

"ပုဂံရာဇဝင်ကို.... အငြင်းသန်ကြပြီ
အခင်းမမှန်...လှပြီ ...ဓါးထမ်း ၊ဒုတ်ထမ်းနဲ့ပြောရပါ...ပြီ
ကျွန်တော် ဥဩဘသောင်...နောင်လာ နောက်သား ထင်ရှားစေရန်အတည် ...ပုဂံရာဇဝင်ကို စနစ်ကျကျ...ပြောပြရ...ပါ....တော့....မည်"

အရိမတ္တန အရင်းထောက်ပြန်တော့...
မင်းတရားကြီးနန်းစံတော်မူပြီ..တောင်ရာခံမအေးပြီ ပုဂံဖျားဒေဝီ...သားတော်တစ်ပါးထွန်းကာလေတော့သည်...ပုဂံလုံးမင်းသား ထင်ရှားထွန်းကာမည် ...အချိန်တန်အရွယ်ရောက်လို့ လူပျိုပေါက် ဖြစ်ခဲ့လေ...ပြီ

အဌာရဿ ဆယ့်ရှစ်ရပ်ကို  တတ်မြောက်စေရန်အတည်.."

ပုဂံရာဇဝင်
ဆို- ဥဩဘသောင်

##

စိတ်ခံစားမှုအစုစုတို့၏ ကလူကျီစယ်မှုတို့ကသူမအား မျက်စိကြောင်စေခြင်းသို့တွန်းပို့လိုက်ပုံရသည်။ ထို့ကြောင့် ကိုယ်ပေါ်မှ စောင်အားဖယ်ခွါကာ အိပ်ယာထက်မှထ၍ အိမ်ကပြင်တွင်ထိုင်ရန်ထွက်ခဲ့လေ၏။ ဒီရက်ပိုင်း တိတ်တဆိတ်သာနေလိုသည်မို့ ကြီးကြီးနွဲ့တို့အိမ်ဘက်တောင်မကူး... တစ်ယောက်တည်းသာ အ််ိမ်တွင်းအောင်းဖြစ်ခဲ့သည်။ ရှက်စိတ်၊ ဒေါသစိတ် တို့ဖြင့် မိမိကိုယ်ကို အဆုံးစီရင်ရန်ထိကြံစည်ခဲ့မိသေး၏။ သို့သော် ဖေဖေ့မျက်နှာ၊ သရဖီလေးနှင့်ကြီးကြီးနွဲ့တို့၏ မျက်နှာများ အားမြင်ယောင်မိကာ ထိုအကြံကိုလက်လျှော့ခဲ့ရသည်။

ယခုတော့ကံကြမ္မာကြီးက မျက်နှာသာပေးတာလား ၊နာနာနှက်ချင်လို့ပဲ အချိုသကာလောင်းသည်လား မပြောတတ်တော့ပေ။ "လင်ခိုးမ"ဟူသော ယိုးစွပ်သည့်အကြည့်များကိုလည်း ရင်မဆိုင်လို၍အိမ်တွင်းပုန်းခဲ့သည်။ ယခုတော့ အခြေအနေကား ပြောင်းပြန်ဖြစ်သွားခဲ့လေပြီ။ ချစ်သူအားစိတ်ရှင်းရှင်းနှင့်ချစ်ခွင့်ရပြီဖြစ်သောကြောင့်... စိတ်အစဉ်တို့ ပြန်လည်ကြည်လင်ဝင်းပလာရသည်။

သို့သော် ခွန်ဆိုင့်မေမေ၏ ပြတ်သားသော ၊သားတော်မောင်နှင့် သဘောမတူနိုင််သောစိိတ်ထားအား   မခမ်းမိုထံမှတစ်ဆင့်နားလည်လိုက်ရသည်။ ဒါပေမဲ့လည်း... သူမ၏ချစ်သူကိုယုံကြည်အားကိုးသည်၊ တဖြည်းဖြည်းနှင့် စဝ်ခွန်ဆိုင်က သူမတို့နှစ်ဦးသား အဆင်ပြေအောင်ဖန်တီးမည်ဟု ယုံကြည်မိသည်လေ.... ချစ်ရသည်ကိုး။

Dear Tharapa Where stories live. Discover now