အခန်း၂၂(ဇာတ်သိမ်း)

817 14 2
                                    

၂၂ (ဇာတ်သိမ်း)

ကောင်းကင်ယံအထက်မှစီး၍မြင်နေရသော ရှုခင်းတို့ကားသူမအတွက် ရင်သပ်ရှုမောဖွယ်ရာပင်။ သူငယ်ချင်းများနှင့်ကစားနေကျ မ်ိုနိုပိုလီ ဂိမ်းကိုပင်မြင်ယောင်လာမိသည်။ ပုဂံဘုရားတို့က စစ်တုရင် ရုပ်ကလေးများနှယ်၊။ဧရာဝတီမြစ်ကြီးအား ယခုလိုအထက်စီးမှကြည့်ရသည်မှာ တစ်မျိုးအလှအပကိုဆောင်နေပေသည်။

စဝ်ခွန်ဆိုင်ကတော့ အဖျားသွေးရှိနေသေးသဖြင့် လေကြောင်းခရီးစဉ်ဖြစ်သောကြောင့် အခက်အခဲမဖြစ်စေရန်အောက်စီဂျင်ပိုက်နှင့် သေချာစီမံပြီး ခေါ်ဆောင်လာခဲ့ရသည်။

သူမဘေးတွေကလေးငယ်အလားအိပ်မောကျနေသော ချစ်ရ သူ၏မျက်နှာပေါ်တွင်ကျနေသည့်ဆံနွယ်အချို့ကိုဖယ်ရှာပေးရင်း သူမလည်းနောက်မှီကာမှေးလိုက်လေသည်။

နားကာတပ်ထားသော်လည်း အတွေ့အကြုံမရှိသည့်သူမအဖို့ ဒလတ် အသံက သူမ၏အာရုံများအား အိပ်၍မပျော်နိုင်အောင်အနှောင့်အယှက်ပေးနေလေ၏။

ထို့ကြောင့်ရောက်ချင်ရာရောက် ပေါက်ချင်ရာပေါက်ဟုသဘောထားကာ အတွေးများအားဖြန့်ကျက်ရင်း မျက်လုံးအစုံတို့မှိတ်ထားလိုက်တော့၏။ သူမ ဘဝကတကယ် ရက်ပိုင်းကလေးမှာပင် အပြောင်းလဲကြီးပြောင်းလဲသွားခဲ့လေသည်။

သာမန်ဘုရားကျွန်မျိုးနွယ်ဘဝမှယခုတော့ စော်ဘွားအနွယ်ဝင် စဝ်ခွန်ဆိုင်နှင့်ဖူးစာရေးနတ်မင်းကြီးက ခပ်ကြမ်းကြမ်းပင်အမြင့်ကိုတွန်းပို့ကာဆုံစည်းစေခဲ့သည်။ ဆိုင်၏ ပွဲတက်မယားအဖြစ် သူ၏မိခင်နှင့်ဆုံစည်းကာ ပြဿနာများတက်၊ ငိုလိုက်၊ယိုလိုက်ဖြင့် သောကမီးများကျွမ်းလောင်ခဲ့သည်။

ယခုတော့ တန်းနင်းပွိုင့်(turning point)ဖြစ်ကာ အရာရာရွှေဖြစ်ခဲ့လေပြီ။ ဆိုင့်မာမားကိုယ်တိုင်က ကြည်ကြည်ဖြူဖြူပင် သူမ၏သားတော်မောင်ကျန်းမာရေးအားငဲ့ညှာ၍ တစ်ပါတည်းလိုက်ခဲ့ရန် ဦးသန်းကျော်အားဖုန်းဆက်ကာခွင့်ပန်ခဲ့သည်မဟုတ်ပါလား။

##

ခြံကြီးကဧက တစ်ထောင်ခန့်ကျယ်ဝန်းပြီး အိမ်တော်ကြီးကလည်း ခမ်းနားလွန်းလှသည်။ ဗွေဆိုးလက္ခဏာတစ်ရပ်မျှမရှိလောက်ဘူးဟုထင်ရအောင် လှပချောမောသည့်  အိုင်ယာလန် pegasus မျိုး မြင်းချောမြင်းသန့်ကြီးများကွန်းခိုရာ ကြီးမားသည့်မြင်းတင်းကုပ်ကြီး သုံးခုနှင့်အတူမြင်းထိန်းများအားတွေ့ရလေသည်။ ထို့ပြင် သမင်လိုက်ခွေးအမျိုးအစားများဖြစ်သည့် American Foxhound ခွေးချောကြီးများကိုလည်း သန့်ရှင်းသပ်ရပ်သောအိမ်များနှင့်မွေးမြူထားလေသည်။  Tennis coat နံဘေးရှိရဟတ်ယာဉ်ရပ်ကွင်းသို့ဆင်းသက်သည်နှင့်တစ်ပြိုင်နက် လွန်စွာကျက်သရေရှိလှသောအမျိုးသမီး တစ်နည်းအားဖြင့် သူမ၏ ယောက္ခမအလောင်းအလျာအား အိမ်တော်ထိန်းများခြံရံလျက် ပြုံးချိုသောမျက်နှာထားနှင့်စောင့်ကြိုနေလေသည်။

Dear Tharapa Where stories live. Discover now