အခန်း(၂)ရဲ့ အပိုင်း(၂)

323 4 1
                                    

"ချစ်သော  သရပါ"

အခန်း(၂) ရဲ့ အပိုင်း (၂)

ထိုနေ့က သူတို့ဘယ်မှသွားခွင့်မရ။ ဒဏ်ရာများအား ဆေးထည့်၊ ရေမိုးချိုးပြီး မာမားအားစောင့်နေရမည်ဖြစ်သည်။ ညကျလျှင် ညစာအတူတူစားပြီး စကားပြောရန်ရှိသည်ဟု သူမ၏ လူယုံ ဦး ခမ်းနိုင် မှတစ်ဆင့် သေသေချာချာမှာသွားခဲ့သောကြောင့်ပင်။

သူတို့ ဖူလုံအားပြဿနာရှာသည့်နေရာမှာ  ဗမာအစိုးရနှင့်ထိစပ်နေမြေဖြစ်သည့်အပြင် သူတို့နှစ်ဦးလုပ်ရပ်မှာ စော်ကားရာရောက်သောကြောင့် မိုင်းလားမှ တာဝန်ရှိသူ အဖွဲ့များ တောနင်းရှာဖွေလိုက်လံ ဖမ်းဆီးခဲ့လေရာ မည်သို့မှရှာမတွေ့  ။ ၄ ရက်ခန့်အကြာ ...ပန်ဆိုင်း အနီးတစ်ဝိုက် တောအုပ်ထဲရှိ လျှိုတစ်ခုထဲတွင်  ထိုနှစ်ယောက်အား ဒဏ်ရာ ဗလပွ ခြစ်ရာ များနှင့်အတူ အားအင်ပြတ်လတ်လျက် ဖမ်းမိခဲ့လေသည်။

ဒါတောင် ဘသားချောနှစ်ကောင်က အားအင်ပြတ်လတ်နေသည့်ကြားက  မီရာလှမ်းကိုက်၊ ကန် ကျောက်  တွန်း ထိုး လုပ်သဖြင့် နောက်ဆုံးတွင် မယ်တော်မှ " ပြောမရရင် မေ့အောင် ရိုက် ...ကြိုးတုပ်ခေါ်ခဲ့"  ဟု ညွှန်ကြားသဖြင့်  ဝိုင်းဝန်းဖမ်းချုပ် ၊ သူတို့နှစ်ယောက်အား ပူး၍ကြိုးတုပ် ကာ ခက်ခက်ခဲခဲခေါ်ဆောင်ခဲ့ရလေ၏။

တစ်နေကုန်အပြင်မထွက်ရဘူးဆိုသဖြင့်  စဝ်ခွန်နှင့် စွမ်းထက်တို့ မှာ မပျင်းရလေအောင် ခြံ၏အနောက်ဘက်သေနတ်ပစ် ကွင်းတွင် ဘီယာသောက် ရင်း ဆေးခြောက်သောက်ရင်း ဖြင့် တစ်ဖုံ၊  မွေးထားသော ဂရိတ်ဒိန်း ခွေး များအား  လေ့ကျင့်ပေးခြင်း ၊ အစာကျွေးခြင်း ၊ ရေကူးခြင်းများဖြင့်အချိန်ကုန်ဆုံးခဲ့လေသည်။

"ဟရောင်ပါစီ"

စွမ်းထက်က ဘီယာလက်ကျန်အားမော့ပြီး  ဘေးရှိ ကြိုးပုခက်ပေါ်တွင် နားကြပ်တပ်၊မျက်မှန်အမဲကြီးတပ်လျက် ဇ်ိမ်ယူနေသော စဝ်ခွန်အား ပုတ်၍ နှိုးလိုက်လေသည်။

" လိ..လန့်လိုက်တာ ဘာတုန်းကွာ ဒီမှာ feel နေတာကို"

"Feel နေတာလုပ်မနေနဲ့ ... ငါနောက်အပတ်စာမေးပွဲဖြေရမှာဟ .. Global ဘာသာကြီး ငါ့အမေလည်း တဂွမ်ဂွမ်ဖုန်းဆက်နေပြီ ငါပြန်မှရမယ် "

Dear Tharapa Where stories live. Discover now