အခန်း(၁၂)

173 3 0
                                    

အခန်း (၁၂)

" လှအားပါပေ့ မွေ့မွေ့ပျော်ပျော်
စကားရနံ့လေး ပျံ့မွှေး ညှင်းလေသွေးသော်
နွေးနွေးရှိန်းရှိန်း မိန်းမိန်းမူးမူး
ကြည်နူးလှုပ်ရှား...ပုပ္ပါးမြတ်တောင်တော်"

လောကီဘုံတခွင်  ခုံမင်မွေ့လျော်
တရားမမြင်သေးတဲ့ တပါးခင်လေးနဲ့ 
အဖော် အလှော်များ ရွှေအားရသော်
အာရုံငါးလီ ကြည်သရွေ့နော် ကြည်သရွေ့နော်
တေးတကြော်ကြော် ဟစ်ကာအော်  ပျော်ချင်တိုင်းပျော်   အေးအေးမြမြ အလှအပစုံလင်
ရှုမြင်လို့မဆုံးသနော်"

##

"မယ်တော် အိပ်လို့မပျော်ဘူးလားရှင့် ခမ်းမို နှိပ်ပေးရဦးမလား"

အလိုက်တသိ မေးလာသော ခမ်းမိုအား အသာအယာ လက်ကာပြလိုက်ပြီး

"တစ်နေကုန် အစည်းအဝေးပတ်ထိုင်ရတာ ကော်ဖီတွေချည်း သောက်ခဲ့ရတာမို့ ကဖင်းဓါတ်များသွားတယ်ထင်ပါတယ် "

ခမ်းမိုက ချက်ချင်းပင် သွေးပေါင်ချိန်စက်ယူကာတိုင်းကြည့်လေသည်။

"အပေါ်သွေး အောက်သွေး အကုန်ကောင်းပါတယ် ... မယ်တော်... အတွေးလွန်နေတာပါ "

သူမကနှုတ်ခမ်းကွေးရုံမျှပြုံးလိုက်ပြီး သူမအနီးတွေဒူးလေးထောက်လျက် သွေးပေါင်ချိိန်စက်အား ပြန်လည်သိမ်းဆည်းနေသော ခမ်းမို၏ခေါင်းအား အသာအယာပုတ်ကာ...

"ပြောစမ်းပါဦး ငါ အတွေးလွန်နေတယ်လို့ တပ်အပ်သေချာဘာလို့ပြောလဲဆိုတာ "

"ပုံမှန်အားဖြင့် ကော်ဖီတစ်ခွက်ရဲ့ သက်ရောက်မှုဟာ သုံးနာရီကနေ ငါးနာရီအထိ အာရုံကြောကို လန်းဆန်းစေပါတယ် ... နေ့လယ်က ကော်ဖီက လေးခွက်ဆိုတဲ့အတွက် တော်တော်လေးကိုများနေပါပြီ ...

ပုံမှန်အိပ်ချိန်မှာ အိပ်မရတဲ့အခါ... လူတွေဟာ အတွေးတွေစတွေးပါတော့တယ် ... များသောအားဖြင့် အဲ့ဒီလိုစတွေးတဲ့အခါမှာ အရင်ဆုံးတွေးမိတာက အနီးစပ်ဆုံး memory ဖြစ်တဲ့တစ်နေ့တာအကြောင်းပါပဲ "

သူမမွေ့ယာထက်မှထလိုက်၍ ခမ်းမိုက တွဲထူရန်ဟန်ပြင်လိုက်ရာ

" ညည်းကလည်းအေ ငါ့အသက် ၅၀ မကျော်သေးပါဘူး မယ်တော်ဒေဝီကြီးလိုမျိုး လူမမာပုံစံမဆက်ဆံစမ်းနဲ့အေ "

Dear Tharapa Where stories live. Discover now