Hobi၏ ရုံးခန်းတွင် ရောက်နေသော Jungkook။ Hotel ဖွင့်ပွဲပြီးကတည်းက Jungkook အလုပ်ရှုပ်နေသဖြင့် ညီကိုတွေမတွေ့ခဲ့ကြ။ အခု Perfume showroom ပြီးသွားပြီဖြစ်သောကြောင့် အကိုနဲ့စကားပြောရန် ရောက်နေခြင်းဖြစ်သည်။
ထမင်းသွားစားရန် Hobiအလုပ်ပြီးမယ့် အချိန်ကို ဖုန်းသုံးရင်း ထိုင်စောင့်နေသည်။
Jk "Hyung မပြီးသေးဘူးလား"
Hobi"ဘာလဲဗိုက်ဆာနေပြီလား ခဏစောင့်ပြီးတော့မယ်"
Jk " Hyung Busan သွားဖြစ်သေးလား"
Hobi"ဒီအပတ်ထဲသွားမှာ ငွေစာရင်းတွေ စစ်ရင်း Hotelကို စစ်ကြည့်ရဦးမယ်"
Jk "Hobiတို့ကို အားကျတယ်ဟေ့ Seoul မှာတစ်လုံး Busanမှာတစ်လုံး နောက်ဆ်ို လူမနေတဲ့ကျွန်းတောင် ဝယ်ပြီး Hotelဆောက်မလားပဲ"
Hobi" ရွဲ့နေလိုက် အဲ့ဒါ မိဘအမွေတွေက ငါကတိုးပွါးအောင်လုပ်နေတာ ။ မင်းလဲရေမွှေးပဲရောင်းမနေနဲ့ တစ်ခုခု extra လေးလုပ်ဦး"
Jk "ဟုတ်ကဲ့ပါ ဘရားသား လူပျိုကြီး မစွံတဲ့လူကြီးရဲ့"
Hobi"ဒီကောင်ကွာ"
Jk "မြန်မြန်လုပ်ဗျာ ဗိုက်ဆာနေပြီ"
Hobi"အေးပြီးပြီ နေဦး မန်နေဂျာပို့လိုက်တတဲ့ သတင်းဖတ်လိုက်ဦးမယ်။ ဟာ Jungkook လာကြည့်စမ်း"
Jk "ဘာလဲHyung ရ"
အပြေးလေး အလုပ်စားပွဲနားပြေးသွားလိုက်သည်"
Laptop screen ပေါ်မြင်ရတဲ့ သတင်းက ငါ့အတွက် ဘယ်လိုအဓိပ္ပာယ်ဖွင့်ရမလဲ"
"Car showroom များနှင့် Bankလုပ်ငန်းအမြှောက်အများ ပိုင်ဆိုင်သော Kim So Hyoon နှင့် တရားဝင်ကွာရှင်းလိုက်တဲ့ Kim Tae Hyung" တဲ့လား
အလုပ်ကိစ္စနဲ့မို့ Taeဆီမသွားဖြစ်တဲ့ သုံးရက်တောအတွင်းမှာ ကွာရှင်းရတဲ့အထိဖြစ်သွားတာဆိုတော့ ဘာတွေများ ဖြစ်ခဲ့ကြတာလဲ။
ဖွင့်ပွဲပြီးတဲ့နေ့ Taeအကြောင်းကို ကိုယ့်မန်နေဂျာနဲ့ စုံစမ်းခိုင်းကြည့်တော့ Taeအမေဆုံးပြီဆိုတဲ့သတင်း။ အမေတစ်ခုသားတစ်ခုမို့ တော်တော်ခံစားနေမှာ ဒါပေမယ့် So Hyoon ရှိနေတာပဲ သူအဆင်ပြေမှာပါ။
