တစ်ပတ်...နှစ်ပတ်...နှစ်ပတ်နဲ့ သုံးရက်အကြာ
မောင်က ကျွန်တော့်ဆီပြန်လာပါတယ်။ နေရထိုင်ရအဆင်ပြေလား။ ရေခဲသေတ္တာထဲ စားစရာတွေရှိသေးလား။ ခေါက်ဆွဲတွေပဲ ပြုတ်သောက်နေတာလား။ အမြဲ လာကြည့်တတ်ပါတယ်။ မောင်လဲ ပြန်လာနေဖို့မပြောသလို ကိုယ်ကလဲ ပြန်လာခဲ့ဖို့ မခေါ်မိပါဘူး။
ဘာကြောင့်လဲ ငါတို့နှစ်ယောက်အကြား ဘာတွေက ဝေးသွားစေခဲ့တာလဲ။ အတ္တလား ယုံကြည်မှုလား မပွင့်လင်းခဲ့မှုကြောင့်လား။ သေချာတာကတော့ မောင်က ကျွန်တော့်ကို ချစ်တယ်။ ကျွန်တော်ကလဲ မောင့်ကိုချစ်တယ်။
"မောင်...မင်းပြန်လာပါတော့လား..."
"ကျွန်တော်အိမ်ရှေ့မှာအကို..."
ထိုအခါမှ ကားဟွန်းသံပေးပါတဲ့မောင်။ သူရောက်နေပါပြီပေါ့။ အိမ်ပေါ်ထပ် ပြတင်းပေါက်ကနေ လက်ယပ်ခေါ်လိုက်တယ်...ကားပေါ်က ဆင်းပြီး အိမ်ထဲကို အခြေချလိုက်ပါပြီ။ သတိထားပါမောင်...ဒီနှလုံးသားပေါ် ခြေချသလို မောင်သတိထားပေးပါ။ မတော်လို့ စူးနစ်ဝင်သွားတာ တော်တော်များသွားရင် ပြန်နုတ်မရတဲ့ ဆူးလိုတဆစ်ဆစ် နာကျဉ်ရလို့ပါ။
"မောင်...မင်းကို လွမ်းနေတာ..."
"ကျွန်တော်လဲ လွမ်းနေတာပါ...မောင့်ကို ဘယ်တော့မှ မနှင်ထုတ်နဲ့တော့နော်.."
"အင်းစိတ်ချ.."
ရင်ခွင်နွေးနွေးဟာ သိပ်ကို ငြိမ်းချမ်းတာ။ ကျွန်တော့်မျက်ရည်တွေရဲ့ နားခိုရာ။ ကျွန်တော် နှလုံးသားရဲ့ အရှင်သခင်။ သိပ်လွမ်းနေရတဲ့ ဒီလက်ချောင်း လေးတွေကို တစ်ဝကြီး ဆုပ်ကိုင်ထားချင်တာ။
"အကို...ကျွန်တော်နဲ့အကို လက်ထပ်ဖို့ စီစဉ်ပြီးသွားပြီ။"
"ဟမ်...ဘာကြီး"
"ဒီတစ်ပတ်အတွင်း..."
"မင်းကဘာလဲ...တစ်ဇွတ်ထိုး..."
"စိတ်မဆိုးပါနဲ့ အကိုရာ..ထပ်မခွဲနိုင်တော့လို့ပါ...ဒီနှစ်ပတ်တောင် ကျွန်တော် သေမလိုပဲ"
"မင်းကချက်ချင်းကြီးလေ ငါက ဘာမှမပြင်ရသေးဘူး..."
"ကျွန်တော်အကုန်စီစဉ်ပြီးသား...ဝတ်စုံတွေ ကားထဲပါလာတယ်...သွားယူလိုက်မယ်..."
