အိမ်ထဲဝင်ဝင်ချင်း အမေ့အခန်းရှေ့ကို ဝေ့ကြည့်လိုက်ကာ သက်ပြင်းချလျက်။
So Hyoon "အကို့ကို Mrs park က ဖုန်းဆက်တယ် အမေအခြေအနေမကောင်းဘူးဆိုတာ။ ကလေးစိတ်မကောင်းဖြစ်မှာဆိုးလို့ မပြောပြတာပါ။
Tae Hyung " နေစမ်းပါအကိုရယ်"
လှမ်းဆွဲလာသော အကို့လက်ကိုဖြုတ်ချပြီး Tae Hyung အပေါ်ထပ်ကို ပြေးတက်သွားသည်။ အခုချိန် ဘယ်သူနဲ့မှ စကားမပြောချင်တော့ပါ။
So Hyoon အနည်းကြောင်သွားသောလဲ အမေစိတ်ကြောင့် ဖြစ်မယ်ဟု တွေးကာ ကိုယ့်စိတ်ကို ဖြေသိမ့်လိုက်သည်။
ငါလုပ်ခဲ့တာတွေကလဲ ကလေးအတွက် နာကျဉ်မှုတွေကြီးပဲလေ။
ထိုနေ့ည Tae Hyung အမေဆုံးသွားသည်။ Mrs park က အိမ်မပြန်ပဲ အမေ့အနားမှာ ကြည့်ရှုပေးနေသည်။ သားကိုခေါ်ပေးရမလားမေးသော်လည်း Tae Hyung ရှိနေရင် သူ့အပြစ်တွေအတွက် ဘယ်လိုတောင်းပန်ရမလဲမသိဘူးတဲ့။
ဘယ်သူမှမသိပဲ နောက်ဆုံး Tae Hyung တောင်မသိပဲ သူသေချင်ပါတယ်တဲ့။
——————-ဒေါက် ဒေါက်
အခန်းတံခါးခေါက်သံကြားလို့ ကုတင်ပေါ်မှောက်လျက်လှဲနေရင်း ခေါင်းထောင်ကြည့်မိသည်။အကို့လက်ကို ဖြုတ်ချပြီး အခန်းထဲရောက်ကတည်းက ကုတင်ပေါ် ပစ်လှဲလိုက်တာ အခုတံခါးခေါက်သံကြားမှအသိဝင်သည်။
Tae "ဘယ်သူလဲ"
Mrs park " အိမ်တော်ထိန်းပါ......Taeလေးအမေ၉နာရီခွဲမှာ ဆုံးပါးသွားပါပြီ"
ဟင်......အမေဆုံးပြီးတဲ့။
Tae "ရပြီသွားတော့ ဘယ်သူမှမလာနဲ့"
So Hyoon "ကလေးက ဘာပြောလဲ သူမလိုက်လာဘူးလား"
Mrs park "Taeလေးစိတ်ထိခိုက်နေတယ် ထင်တယ် သူ့မှာအမေပဲရှိတော့တာလေ အခုအမေဆုံးတော့ သူဘယ်လိုလုပ် ဖြေသိမ့်နိုင့်ပါ့မလဲ"
So Hyoon "ကျွန်တော်သွားခေါ်လိုက်မယ်"
Mrs park "ဘယ်သူမှ မလာဖို့ မှာလိုက်ပါတယ်။
So Hyoon "ရပါတယ် ကျွန်တော်တက်သွားလိမ့်မယ် ။ မန်နေဂျာခေါ်ထားတယ် သူလာရင် တံခါးဖွင့်ပေးလိုက်။ လိုအပ်တာတွေ လုပ်ပေးလိမ့်မယ်။"