Jk"Hyung ရေ ကျွန်တော် ဘယ်သူနဲ့တွေ့ခဲ့တယ် ထင်လဲ"
Hobi"မင််း အလန့်တကြားနဲ့ကွာ ဘယ်သူနဲ့တွေ့လို့လဲ"
Jk"Taeနဲ့ဗျ ကျွန်တော့ အချစ်နဲ့တွေ့ခဲ့တာ။ Hyung သိလား သူ့အိမ်က ကျွန်တော့်company ဘေးက ခြံကျယ်ကြီးတဲ့"
Hobi"မင်းကံကောင်းလှချည်လား ဟေ့ကောင်ဝမ်းသာပါတယ်ကွာ။ မင်းသူနဲ့ စကားပြောဖြစ်သေးလား"
Jk"သူက ပန်းစည်းဆိုင်လေးဖွင့်ထားတာ ကျွန်တော်အခုပန်းစည်းဝယ်ပြီးပြန်လာတာ"
လက်ထဲက ခရမ်းရောင် ပန်းစည်းလေးကို ဖင်တစ်ပြန် ခေါင်းတစ်ပြန် ကြည့်ပြီး ပြုံးစိစိဖြစ်နေ၏။
Hobi" Jkမင်းပြောမှာဒါပဲမလား ငါmeeting ရှိလို့ နောက်နေ့ company ကိုလာခဲ့မယ်"
Jk"ဟုတ်ကဲ့Hyung "
အခုခေါင်းထဲမှာ အကို့ဆီ ဘယ်လို ထပ်လာရမလဲ ပန်းစည်းထပ်ဝယ်ရမလား ဘာဆက်လုပ်ရကောင်းမလဲပဲတွေးနေတယ်။ အကိုက စိုးမိုးလွန်းနေပြီ။ စိုးမိုးလွန်းနိုင် ပုဒ်မနဲ့ အရေးယူပစ်မယ်။
—————————Tae"မဂ်လာပါ ဘာများအလိုရှိပါသလဲ စိတ်ကြိုက်ကြည့်ပါနော်"
ပန်းထိုးနေရင်း ပြောလိုက်တဲ့အသံလေး။
Jk"ကျွန်တော်ပါဗျ"
Tae"ဪ ညီလေး ပိုက်ဆံအအမ်းလာယူတာလား ခဏစောင့်နော် အကိုထွက်လာခဲ့မယ်"
နေပါဦးအကိုလို့ ပြောလိုက်တာလား Taeကလေ။
Tae" ပြန်အမ်းငွေ5dollarsပါ ညီလေး"
Jk" ကျွန်တော်က အသက်ငယ်တာ ဘယ်လိုသိလဲဟင်"
Tae"အာ ဒါလား။ ဟိုနေ့က companyဘက်လမ်းလျှောက်ထွက်လာတော့ ရုံးရှေ့က လုံခြုံရေးကို ညီလေးပုံစံမှန်းပြီး မေးကြည့်လိုက်တာ။ သူက သန့်ရှင်းရေးလူသစ်ထဲက ကောင်လေးထင်တယ်တဲ့ အသက်က ၂၁လောက်ရှိတယ်တဲ့။ အကိုက ၂၃လေ"
Jk"အဲ့ဒါ ဘယ်လုံခြုံရေးပြောတာလဲ"
ဒေါသထောင်းခနဲရယ်။ ကိုယ့်ကိုယ် ပိုက်ဆံပေးနေတဲ့ သူဌေးကိုမှ သန့်ရှင်းရေးတဲ့လား အလုပ်ကို ဖြုတ်ပစ်ဦးမယ်။
Tae"ဘာ ဘာဖြစ်လို့လဲဟင် အကိုပြောတာ မှားသွားလို့လား"
Jk"မှားတာပေါ့ ကျွန်တော့်က သန့်ရှင်းရေးမဟုတ်ဘူး ကျွန်တော်က အဲ့company က CEO"