Hotel ဖွင့်ပွဲလဲအောင်အောင်မြင်မြင်ပြီးဆုံးသွားသည်။Jungkook တွေ့လိုက်သော အမည်မသိကောင်လေးကား ထိုအမျိုးသားနဲ့ပင် ပြန်ပါသွားသည် အနားပင်ကပ်ခွင့်မရလိုက်။ သူနဲ့ဘာတော်မှန်းမသိသော အမျိုးသား၏ မျက်နာကား မာထန်နေသောကြောင့် ကောင်လေးစိတ်ကျဉ်းကျပ်မည်စိုး၍ စကားပင်မပြောခဲ့ပါ။Hotel ၏အခန်းတစ်ခုတွင်ဖြစ်သည်။
Jungkook " Hyung ဟို Tshirt အဖြူနဲ့ ညိုရောင်pantလေး ဝတ်လာတာ Hyung အသိလား ဟိုအမဲရောင်suit ဝတ်ထားတဲ့လူနဲ့ အတူတွဲလာတာလေ"
Hobi"ဪ...မင်းပြောတာSo Hyoon ကိုထင်တယ်။ သူတို့နှစ်ယောက်က လက်ထပ်ထားတာလေ လိင်တူတွေပေါ့ ကောင်လေးနာမည်က Tae Hyung ဆိုလားပဲ ချောတာတော့ တော်တော်ချောတာ"
Jungkook "Tae Hyung...?"
Hobi"ဟေ့ကောင် မင်းမျက်နာကဘာလဲ ပိုင်ရှင်ရှိတယ်နော်မင်း။ ပြီးတော့မင်းကStraight မဟုတ်ဘူးလား။ရည်းစားလဲထားဖူးတာမဟုတ်ဘူး အံ့ဩတယ်။"
Jungkook "Hyung ကျွန်တော်ဘာမှမပြောရသေးပါဘူး။ နာမည်လဲမမေးမိဘူးHyung ဘာသာပြောပြတာ။ တစ်ခါလာလဲရည်းစားမရှိတာပဲ ခလုတ်တိုက်နေ သူကျတော့ အဖြစ်မရှိလို့ လူပျိုကြီးဖြစ်နေပြီးတော့။"
Hobi"မင်းအဲ့ဒါကိုထည့်မပြောနဲ့လေ...။"
Jungkookခေါင်းခါပြီး အခန်းအပြင်ထွက်လာလိုက်သည် အခန်းထဲမှ
Hobi"မင်းပြန်တော့မလို့လား"
Jungkook "ရည်းစားပတ်ရှာမလို့"
ညီကိုနှစ်ယောက်မတည့်ပုံများ....
Jungkook ခေါင်းထဲအတွေးဝင်လာသည်။လက်ထပ်ထားတဲ့လူနဲ့အတူပွဲတက်လာရတာ ပြီးတော့ လူအများကြီးနဲ့media တွေလဲပါတာ ဘာလို့ Tshirtနဲ့ style pantနဲ့လဲ အနည်းဆုံးတော့ Suitဝတ်သင့်တာမဟုတ်ဘူးလား?
ပြီးတော့မျက်ဝန်းတွေ အဲ့အကြည့်တွေက သူပျော်မနေဘူးလို့ ပြောပြနေသလိုပဲ ဘာတွေများဖြစ်နေတာလဲ အဆင်ပြေမှာပါ သူ့ခင်ပွန်းဆိုသူရှိနေတာပဲ။
နေပါဦးငါကရော ဘာတွေတွေးနေတာလဲ တစ်ခဏလေးမြင်လိုက်တဲ့လူကိုလေ
ကိုယ့်ကိုယ်ကိုအံ့ဩလာပြီ။
———————-Busanမှ Seoulသို့အပြန်ကားလေးပေါ်တွင်ဖြစ်သည်။
