အသားကင်နံ့သင်းသင်းထနေတဲ့ အိမ်ရှေ့ မြတ်ခင်းပြင်စိမ်းစိမ်းနဲ့ ပတ်ဝန်းကျင်။ စားပွဲတစ်လုံး ခုံနှစ်ခုံနဲ့ အသားကင်မီးဖိုလေးချပြီး အိမ်တွင်းပျော်ပွဲစားထွက်နေသည်။ မောင်နဲ့အတူ အိမ်မှာအသင့်ရှိတဲ့ အစားအသောက်တွေနဲ့ ကြည်နူးစရာအချိန်လေးတွေ ဖန်းတီးနေရတာ သဘောကျမိတယ်။
"မောင်..ငါ့ကိုစိုက်ကြည့်မနေနဲ့ ..မျက်လုံးကြီး စောင်းသွားမယ်"
"အကိုက apronနဲ့ တော်တော်လိုက်တာ..ပန်းဆိုင်မလုပ်ပဲ စားသောက်ဆိုင်ဖွင့်မလား"
"ငါမှအများကြီးမချက်တတ်တာ..အရင်းပြုတ်ရင် ငါမလျှော်နိုင်ဘူး"
"လွယ်လို့...အကိုက ဆိုင်အရှေ့ကနေ ဧည့်သည်ခေါ် ကျွန်တော်က အနောက်ကနေ ချက်ပေးမယ်..အကိုက စားဖိုမှူးအစစ်မဟုတ်ပေမယ့် စာဖိုမှူးယောက်ျားပေါ့..."
" မင်းကိုဘယ်သူက ယူမယ်ပြောလို့လဲ"
"အကို့ ဘယ်လက်ပေါ်မှာ ကျွန်တော်ပေးတဲ့လက်စွပ်လေ မငြင်းနဲ့နော် ချက်ချင်း လက်ထပ်ပစ်လိုက်မယ်.."
"ဟင့်အင်း..ရုပ်ကြီးက ကြောက်စရာကြီး"
"ဘာလဲ အကဲစမ်းနေတာလား..."
"ဟေ့ကောင် ငါဒီမှာ အသားကင်နေတယ်လို့..."
"ဝုန်း"ခနဲ ခုန်ဆင်းလာပြီး အနားကပ်လာတဲ့ ယုန်ပေါက်။ လူတောင် တုန်သွားရတယ် သူလုပ်တာနဲ့။
"ကံကောင်းသွားတယ်မှတ်နော်..."
"မင်းက ဘာလုပ်ချင်လို့လဲ...မီးနဲ့ထိုးထည့်လိုက်ရ.."
"အကိုက ထိုးရက်တယ်ပေါ့...ဟာ စိတ်မကောင်းဖြစ်သွားပြီ"
"ဖြစ်လေ...ဖြစ်ပေါ့..အား..."
"အကို ဘယ်နားနာသွားတာလဲ..ပေးပေးလက် ဟာ..."
မီးဟပ်သွားလို့ လက်ချောင်းထိပ်လေးပူသွားတာကို လန့်ပြီးအော်လိုက်မိတာ။ အမယ် သူစိတ်ပူပါတယ်ပေါ့။
"ဟီး..."
"ဘာဟီး..ဟီး..လဲ မီးပူသွားတာကို လာပေးတော့ မောင်ပဲလုပ်တော့မယ်.."
"မောင်က လာစနေတာကို.."
"ချစ်လို့လေဗျာ.."
"ကဲပါဟုတ်ပါပြီ... မောင်ကင်ထားလိုက်နော်အသားတွေကို အိမ်ထဲမှာ ပန်းကန်သွားယူလိုက်ဦးမယ်"