/17/

216 14 0
                                    

So Hyoonဆုံးပါးပြီးတော့ Taehyung ထိုအိမ်ကြီးထဲမှ ထွက်လာခဲ့သည်။ So Hyoon ဆန္ဒအတိုင်း Mrs Parkက နယ်ကိုပြန်သွားသည်။ မန်နေဂျာက အိမ်ကြီးကို သော့ခတ်က သော့အပိုတစ်ချောင်းကို Taehyungကို ပေးထားခဲ့သည်။ခြံဝိုင်းကျယ်ကြီးထဲမှာ သစ်ရွက်ကလေးတွေ ရှုပ်ပွလို့ အိမ်ကြီးကလဲ မည်းမှောင်လို့ So Hyoon ကလဲ ငြိမ်းချမ်းလို့။

So Hyoon ပိုင်ဆိုင်သမျှ လုပ်ငန်းအားလုံးကို Taehyungနဲ့ လမ်းမခွဲခင်ကတည်းက နာမည်အပြည့်အစုံနဲ့ လွှဲပြောင်းပေးထားပြီးသားဖြစ်သည်။ Taehyungတော့ထိုကိစ္စကိုမသိသေး။ မန်နေဂျာက အချိန်တစ်ခုယူနေခြင်းဖြစ်သည်။ ကိစ္စအားလုံးပြီးရင်တော့ Taehyungကို ပိုင်ဆိုင်မှုအားလုံးလွှဲပြောင်းပေးမှာပါ။ ထိုအိမ်ကြီးအပါအဝင်ပေါ့။

"အကို..ဒီနေ့ So Hyoon ဆီသွားရမှာနော်"

"အင်း ငါသိပါတယ်"

"အကို နေကောင်းရဲ့လား မျက်နာလေးချောင်သွားတယ်"

"ညက အိပ်မပျော်လို့ပါ.."

မောင်နဲ့ အတူနေတာ ၂လကျော်ပြီဖြစ်သည်။ So Hyoon ဆုံးပြီးတော့ ပန်းဆိုင်အိမ်လေးမှာ မောင်နဲ့အတူ အခြေချနေခဲ့တာ။ မောင်က သူ့အိမ်ကိုမပြန်တော့ "အကို့အိမ်မှာပဲနေမှာ" ဆိုပြီး လာနေနေခြင်းဖြစ်သည်။ ပန်းဆိုင်လေးလဲ အရင်လို ပြန်ဖွင့်ခဲ့ပါတယ်။ ဖောက်သည်တွေလဲ အရင်လို ပြန်ရခဲ့ပါတယ်။ ပျော်ရွှင်မှုတွေလဲ မောင်နဲ့အရင်လို ပြန်ရှာတွေ့ခဲ့ပါတယ်။ ပျောက်ဆုံးသွားတာတော့ အကိုရယ်ပါ။ အဆင်မှပြေရဲ့လား အကို။

"အကို..၁၀နာရီလောက်သွားကြမယ်လေ။အဲ့ချိန်ဆို ဗိမာန်မှာ လူရှင်းလောက်ပြီ။"

So Hyoon အရိုးပြာပုလင်းလေးကို ဗိမာန်မှာ သိမ်းထားတာ။ အကိုက သိမ်းထားချင်တယ်တဲ့။ အဲ့ဒါကြောင့် ဗိမာန်လေးမှာ သိမ်းထားပေးခဲ့တာ။

(ဗိမာန်ဆိုတာကလေ ကိုရီးယားကားထဲမှာ မြင်ဖူးလားမသိဘူး။ အရိုးပြာပုလင်းလေးတွေ တန်းစီထားတဲ့ အခန်းကျယ်ပုံမျိုးလေးပါ)

"အင်း ငါပြင်ထားလိုက်မယ် အဲ့အချိန်သွားကြတာပေါ့"
ဒီနေ့ အကို့ဆီသွားရင် အရိုးပြာလေးကို အိမ်ယူလာမယ် စိတ်ကူးတယ်။ မောင် သဘောမကျပေမယ့်ပေါ့။ ပုလင်းလေးနဲ့အတူ အကို့မန်နေဂျာပေးထားတဲ့ မီးခိုးရောင်စာအုပ်လေးလဲ ပြန်ယူရပေဦးမယ်။ ဖတ်နိုင်တဲ့အင်အားမရှိမှန်းသိလို့ ပုလင်းလေးနဲ့အတူ သိမ်းထားခဲ့တာ။ မသိခဲ့ရတဲ့ အကို့အကြောင်းတွေ သိရဖို့ ထိုစာအုပ်လေးထဲ ရေးချင်ရေးထားမှာမလား။

Save place (Complete)Where stories live. Discover now