"ဆရာ...Guess perfum ကိုရီးယားလုပ်ငန်းစုCEO Jeon Jungkook က ဖုန်းပြောချင်လို့ပါတဲ့"
"သူက ငါ့ကို...ဘာလို့လဲ..."
"အဲ့ဒါတော့ ဆရာနဲ့စကားပြောမှ ပြောပြမယ့်ပုံပဲ ကျွန်တော်မေးတာ ဆရာဆီ ဖုန်းပေးလိုက်ပါပဲ ပြောနေတာ.."
"အင်း...သွား ငါ့က်ိုဖုန်းလွှဲပေးလိုက်"
"ဟုတ်ကဲ့ဆရာ.."
မန်နေဂျာက အခန်းထဲက သွက်သွက်ထွက်သွားပြီး ဖုန်းလိုင်းပြောင်းပေးလိုက်သည်။ Jungkook ဆိုတဲ့ ကောင်လေးက ငါ့ကိုဘာအကြောင်းတွေကြောင့် စကားပြောချင်ရတာလဲ။
———————————ကိုယ်လိုချင်တာရှိရင် မရရအောင် မနားမနေယူတတ်တဲ့အကျင့်လေးတစ်ခု။ ဒါပေမယ့် တရားသောနည်းနဲ့ပဲ အရယူတတ်တာ။ Kim So Hyoon ရဲ့ စိတ်ရောဂါအကြောင်းကို သူပြနေကျ ဆေးရုံမှာ အလုပ်ဝင်တဲ့ သူငယ်ချင်းဆီကနေ ကြားသိခဲ့တယ်။
Patient's privacy ကြောင့် အသေးစိတ်မသိခဲ့ရပေမယ့် အချစ်ခံချင်တဲ့အကြောင်းတွေ သူ့မိဘအကြောင်းတွေကို တိတ်တဆိတ်စုံစမ်းလို့ သိခဲ့ရပြီးပြီ။ Taehyungနဲ့ ကွာရှင်းဖို့သတင်းကို Hyungဆီကနေ ကြားခဲ့ရတဲ့အချိန်စိုးရိမ်စိတ်ဝင်သွားခဲ့ရတယ်။
ဖြစ်သင့်တယ်မလား။ ဘယ်လောက်တောင် ဒုက္ခခံခဲ့ရမလဲ။ အကြွေးနဲ့လဲ အပိုင်သိမ်းထားသေးတယ်။ သူ့ရောဂါအခြေအနေအရ Taehyungကို ဘယ်လိုဆက်ဆံမလဲဆိုတာ သူနဲ့ အိမ်ကြီးထဲက လူတွေပဲသိနိုင်မှာ။ ငါစွန့်စားသင့်ပြီ။ ငါချစ်မိသွားတာ ငါကိုယ်တိုင်သိပြီ။ အခုဘယ်သူ့ဆီကပဲ လုရလုရ အကို့ကို ရအောင် ခေါ်ထုတ်လာမှာ။ Kim So Hyoon အားတော့နာပေမယ့် ခင်ဗျားရဲ့ ပျော့ကွက်ကို ကျွန်တော်က သိပြီးနေပြီ...။
"Kim So Hyoon ပါလား..ကျွန်တော် Jeon Jungkook ပါ"
တည်ကြည်ပြတ်သားနေတဲ့အသံ။ အကြောင်းအရာခိုင်ခိုင်လုံလုံ ရှိနေတဲ့ပုံပဲ။ ဘာများပါလိမ့်...။
"ဟုတ်ပါတယ်...အဲ့ဒီဘက်က ဘာကိစ္စရှိလို့ ကျွန်တော်နဲ့ စကားပြောချင်ရတာလဲ။ စီးပွါးရေးတော့မဖြစ်နိုင်ဘူးထင်တယ်။ ကျွန်တော်တို့က လုပ်ငန်းစုချင်း မတူဘူးလေ။"
"ဟုတ်ပါတယ် အလုပ်ကိစ္စမဟုတ်ပါဘူး။ ကျွန်တော်Kim Taehyung အကြောင်း ပြောချင်လို့ပါ။"