Tae"မင်း ဘာတွေပြောနေတာလဲ မင်း...မင်း ရည်းစားစကားပြောနေတာလား"
Jk"ချစ်တယ်ဆိုတာ ရည်းစားစကားပြောတာပဲလေ"
Tae"ချစ်လို့မရဘူးလေ ငါကယောကျ်ားလေး ပြီးတော့ အိမ်ထောင်ကွဲ မင်းကလူပျို။ မဖြစ်နိုင်တာတွေ လာပြောမနေနဲ့"
Jk"အကိုက ယောကျ်ားလေးဖြစ်လဲ ကျွန်တော်ကြိုက်တယ်။ အိမ်ထောင်ကွဲလဲ ကျွန်တော် မြတ်နိုးတယ်။ အကိုမျက်နာတစ်ခုပဲကြည့်ပြီး အသက်ရှင်မှာပါ ကျွန်တော့်ကို အကိုယုံကြည်ပေးနိုင်မလား"
Tae"ငါ့အကြောင်း မင်းဘာသိထားလို့လဲ။ ငါ့ဘဝက မင်းထင်သလို ချောမွေ့ခဲ့တာမဟုတ်ဘူးနော်"
Jk"အကို့အတိတ်ကို ကျွန်တော်စိတ်မဝင်စားဘူး။အကို့ကိုပဲစိတ်ဝင်စားတာမို့။ ဒီနေ့ကစပြီး ကျွန်တော့်အကြောင်းတွေ အကိုသိအောင် ပြောပြမယ် အကိုလက်ခံနိုင်အောင် အစွမ်းကုန်ကြိုးစားတော့မှာ"
ထိုစဉ် စားသောက်ဆိုင်ထဲကို အလုပ်ကိစ္စနဲ့ လာတဲ့So Hyoon ။ Taehyungတို့နှစ်ယောက် စကားပြောနေတာကို မြင်လိုက်ရချိန် ဝမ်းနည်းသောခံစားချက်တစ်ခု။ အတူပါလာတဲ့ မန်နေဂျာက အဆင်ပြေလားမေးတာတောင် ပြန်မဖြေနိုင်ခဲ့။ "ဆရာ"လို့လှမ်းခေါ်နေတဲ့ မန်နေဂျာကို လစ်လျူရှူရင်း
So Hyoon " ကလေး နေကောင်းတယ်မလား။ အိမ်မှာနေရတာရော အဆင်ပြေလား ငွေလိုသေးလားကလေး"
စေတနာသန့်သန့်နဲ့မေးလိုက်ခြင်းပါ။အကို့စိတ်ထဲမှာ ကလေးကိုချစ်နေတုန်းပါပဲ။ အကို့ရောဂါတွေလဲ ဆေးကုနေရတုန်းပဲ ဆေးလုံးပြာလေးတွေ နှစ်လုံးကနေ လေးလုံးသောက်ရတဲ့အထိပါပဲကလေးရယ်။
Tae"အကို ဒီကို အလုပ်ကိစ္စနဲ့လာတာလား။ ကျွန်တော်အကုန်အဆင်ပြေတာမို့ ထပ်မတွေ့ကြရင် ကောင်းမယ်။"
So Hyoon "အာ အင်းပါကလေးရယ် အကိုက ဘာရယ်မဟုတ်ဘူး တွေ့လို့လာနှုတ်ဆက်တာပါ အနှောက်အယှက်ဖြစ်သွားစေဖို့မရည်ရွယ်ပါဘူး။ အကိုသွားတော့မယ်နော်"
ကလေးအရှေ့က ကောင်လေးကို တစ်ချက်လှည့်တော့ ကိုယ့်ကို အကဲခတ်နေတဲ့မျက်လုံးတွေ ။ ရည်းစားလား သူငယ်ချင်းလား မေးချင်ပေမယ့် အခုအခြေအနေက အကို့ကို လိုအပ်နေမယ်မထင်ဘူး။