/9/

249 22 0
                                    

ဂျောင်ဂု ဒီနေ့အတွက်စိတ်လှုပ်ရှားနေသည်။ မနက်ဖြန်ဆို အကို့ရဲ့၂၅နှစ်ပြည့်မွေးနေ့ပင် ဖြစ်သည်။ အကို့ အမေဆုံးတာနှစ်နစ်ပြည့်ပြီမို့ သုသာန်ကို ပန်းစည်းချရန် သွားဖို့ရှိသည်။

ဟုတ်ပါတယ် အကိုနဲ့က တရားဝင်ချစ်သူတွေဖြစ်သွားပါပြီ။ ဖွင့်ပြောပြီး သုံးလကြာတော့ အကို့ဆီက ကြားချင်တဲ့ စကားကို ထုတ်ပြောလာတယ်။ အခုဆိုရင် ရည်းစားသက်တမ်းက တစ်နှစ်ကျော်ထဲကို ရောက်ပြီ။ ပထမဆုံး အကို့အမေဆီသွားရမှာမို့ စိတ်လှုပ်ရှားနေဟန်။

Jk"အကို ကျွန်တော်လာခေါ်တော့မယ်နော်"

Tae"အင်း  ငါလဲပြီးပြီ လာခေါ်တော့"

အကို့ ကျွန်တော့်ကို Jungkook ဒါမှမဟုတ် မင်းလို့သာ ခေါ်သည်။ သူ့ကိုယ်သူလဲ ငါလို့ပဲပြောသည်။ကျွန်တော့်ကိုတော့ သူချစ်သည်တဲ့။ သူ့အတိတ်တွေကို နားလည်ပေးလို့ ကျေးဇူးတင်တယ်လဲ တဖွဖွ ပြောတတ်သေးတာ။ရည်းစားဖြစ်ပြီးတော့ အကို့ကို အိမ်လိုက်နေဖို့ ပြောသော်လည်း မနေ။ သူ့ဆိုင်လေးနဲ့ ခြံထဲမှာပဲ နေချင်တယ်တဲ့။

ဒီနေ့company မသွားပဲ အကို့အိမ်ကိုပဲ သွားလိုက်တယ်။ မန်နေဂျာကို အလုပ်ထဲ ပေးထားပြီး တစ်နေ့လုံး အကို့နဲ့ အတူလျှောက်သွားမယ် စိတ်ကူးတယ်။ ခြံရှေ့ရောက်တော့ ကားဟွန်းတီးလိုက်တယ်။ ထွက်လာပါပြီ အလှလေး ခါးသေးသေးလေးမှာ ခါးပတ်လေးပတ်လို့ style pantနဲ့ လိုက်ဖက်နေလိုက်ပုံများ။

Shirt အဖြူရောင်လေးအပေါ်က ကုတ်အညိုရောင်လေးနဲ့ အရမ်းအေးချမ်းနေတဲ့ သွင်ပြင်လေး။ကားပေါ်တက်လာတော့ မနက်စာစားပြီးပြီလားတဲ့။ ပါးကိုရွှတ်ခနဲ နမ်းလိုက်တော့ "အခုမှစားရတာလား" တဲ့လေ။

Jk"လူကိုအသည်းယားအောင် လုပ်နေတာလား"

Tae"ငါပြောတာ မဟုတ်လို့လား"

ရယ်သံပျံ့လွင့်နေတဲ့ ကားနွေးနွေးလေး အမေ့ဆီသို့ တရွှေ့ရွှေ့သွားနေသည်။

အကိုယူလာတဲ့ အဝါရောင်ကျူးလစ်ပန်းတွေ။ ကားပေါ်ကဆင်းပြီး အမေလဲလျောင်းနေတဲ့ နေရာကိုသွားနေတဲ့ အကို။ ကျောပြင်လေးက ဝမ်းနည်းစရာအတိ။ အေးစက်တဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရလို့ထင်တယ် ကျွန်တော့်ရင်ခွင်ထဲ ဝင်နေရတာ အကိုကသိပ်ကြိုက်တာ။ "မင်းရင်ဘက်ကြီးက နွေးနေတာပဲ" တဲ့ အဖက်ခံတိုင်း အမြဲပြောနေကြစကားလေး။

Save place (Complete)Tempat cerita menjadi hidup. Temukan sekarang