"အတ္တ..ဟုတ်လား? ဟုတ်တယ် ကျွန်တော် အတ္တကြီးတယ်...လူတစ်ယောက်ရဲ့ အသက်နဲ့ လောင်းကြေးထပ်ပြီးတော့ကို အတ္တကြီးခဲ့တာ..ဘာလို့လဲသိလား Kim Taehyungဆိုတဲ့ ခင်ဗျားကို ချစ်မိသွားလို့"
ကျွန်တော့်ပုခုံးနှစ်ဖက်ကို ကိုင်ပြီး ဒေါသသံစွတ်ပြီး ပြောနေပါတဲ့ မောင်။ ပြောလိုက်စမ်းပါ မြိုသိပ်ထားတဲ့ စကားတွေ အကုန်ကြားချင်တယ်။ မင်းအကုန် ဖွင့်ထုတ်ပစ်လိုက်ပါ။
"ခင်ဗျားသိထားဖို့ တစ်ခုက ကျွန်တော့်ရဲ့ မေတ္တာတွေကို မစော်ကားဖို့ပဲ။ ခင်ဗျားကို ချစ်ရတာ လွယ်တယ်များထင်နေလား..ဟမ်..ဖြေလေ။
ကျွန်တော့်အသိုင်းဝိုင်းကြားထဲမှာ ခင်ဗျားကို ချစ်ရတာ လွယ်တယ်များထင်နေလား။ အိမ်ထောင်ရှိအမျိုးသားတစ်ယောက်ကို ချစ်မိသွားတာ လွယ်တယ်ထင်နေလား..။ခင်ဗျားမျက်ရည်တွေကို သုတ်ပေးခွင့်မရတဲ့ကာလတွေကို လက်ချိုးရေတွက်လာတာ...အရူးသာသာပဲရှိတော့တယ်။ သူများမျက်ရည်ကျတာကို မသိချင်ယောင် ဆောင်နေတတ်ပေမယ့် ခင်ဗျားမျက်ရည်ကျမယ့် အရေးကို တွေးကြည့်လို့တောင်မရဘူး..။ ရင်ဝကို မီးစနဲ့ ထိုးသလိုပဲ...သိပ်အနေရခက်တာ...အကို သိရဲ့လား။
ကျွန်တော် အတ္တကြီးလို့ဖြစ်တယ်မလား။ ဘယ်သူ့မှ မကြည့်ပဲ အကို့တစ်ယောက်တည်းကိုပဲ ကြည့်လို့မရဘူးလား...ဟမ် အကိုဖြေပါ"
"အဲ့ဒါဆို...မင်းငါ့ကို အဝေးဆုံးထိ ဆွဲထုတ်သွားရမှာလေ...ဘာလို့ အခုလို So Hyoon ဆီပြန်ပို့ပေးလဲ..."
"အဲ့ဒါအကို့ကြောင့်..."
မောင်အော်လိုက်တဲ့အသံနက်နက်မှာ ကျွန်တော့်ကိုယ်ပင် တုန်သွားရတယ်။ မောင် ဒေါသထွက်ရင် သိပ်ကြောက်ဖို့ကောင်းတာ။
"အကို့ကြောင့်...အကို့ကို ကျွန်တော်နဲ့ နေရတာ နောင်တရတဲ့အဖြစ်မျိုးမဖြစ်စေချင်လို့...ပြီးတော့ အကို့ကို မချုပ်ချယ်ချင်တာ။ ကျွန်တော်နားမှာ လွတ်လပ်ပျော်ရွှင်နေတဲ့ လိပ်ပြာလေးလိုပဲ မြင်နေချင်တာ။ အကိုဆုံးဖြတ်တဲ့အရာမှန်သမျှ လိုက်လျောဖို့အသင့်ပဲ။"
"ငါက တစ်သက်လုံး မင်းနားကနေ မထွက်သွားဘူးလို့ အာမ မခံနိုင်ဘူးလေ..."
