"Mrs Park..bankကဒ်ထဲမှာ ကျွန်တော် လစာနဲ့ နေထိုင်စားသောက်ဖို့အတွက်...ငွေအလုံအလောက် ထည့်ခိုင်းထားတယ်။ ကျွန်တော်မရှိတော့ရင် ဒီအိမ်ကြီးနဲ့ ကလေးကို ပစ်မထားပါနဲ့။ မကြာခဏ လာကြည့်ပေးပါ။ နယ်မှာလုပ်ကိုင်စားသောက်ရင်း အကူအညီလိုရင် ကျွန်တော့် မန်နေဂျာကို ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်.."
"သူဌေးရယ် ဘာလို့ ဒါတွေပြောနေတာလဲ။ သူဌေးကအကြာကြီးနေရဦးမှာ။ အဲ့ဒါတွေမပြောပဲနေကြရအောင်နော်။"
အခန်းထဲမှာ ပြောနေကြတဲ့ So Hyoon နဲ့ Mrs Park။ ညဆေး တိုက်ရန် So Hyoon အခန်းဆီကူးလာခြင်းဖြစ်သည်။ Taehyung တံခါးဖွင့််မယ်လုပ်တော့ Mrs parkရောက်နေပြီး နှုတ်ဆက်စကားမမည်သော နောက်ဆုံးစကားကို ဆိုနေသည်။ တရှုံ့ရှုံ့ငိုနေတဲ့ အသံက Mrs parkဆီမှသဲ့သဲ့ကြားနေရလေသည်။ သိပ်မသဲကွဲပေမယ့် အခန်းထဲက စကားပြောသံကိုတော့ ကြားနေရသည်။
"ဟေ့ မငိုနဲ့လေ။ ဟာဗျာ လူနာအရှေ့မှာငိုနေတော့ ဒေါ်လေး ကျွန်တော်ဘယ်လိုလုပ်စိတ်ချမ်းသာမှာလဲ"
"အင်းအင်း အဒေါ်မငိုတော့ဘူး။ သူဌေးကို တောင်းပန်ပါတယ်နော်။ သူဌေးရဲ့ရောဂါကိုမသိဘဲ အဒေါ် စိတ်ခုခဲ့တာတွေ ရှိတယ်။သူဌေးခွင့်လွှတ်ပေးပါ"
"မဟုတ်တာ အဲ့ဒါတွေက ကျွန်တော်ကိုယ်တိုင်လုပ်ခဲ့တာတွေပဲလေ။ တောင်းပန်စရာမလိုပါဘူးအဒေါ်ရယ်..ကျွန်တော်သာ ပွင့်လင်းခဲ့မယ်ဆိုရင် ကလေးနဲ့ အခုလိုဝေးရမှာမဟုတ်ဘူးသိလား.."
ထိုစဉ်တံခါးမခေါက်ပဲဝင်လာတဲ့ကလေးငယ်။ ပြောလက်စ စကားကိုရပ်ပြီး Mrs parkကို ပြန်ခိုင်းလိုက်သည်။ Mrs parkက အိမ်ကြီးရဲ့အောက်ထပ် မီးဖိုချောင်ဘေးကအခန်းမှာ အိပ်သည်။ ကလေးကဆေးတိုက်ဖို့လာတာ ဖြစ်မည်ထင်။
"အာ..sorry..Mrs ရောက်နေတာ မသိလိုက်ဘူး။ ပြန်ထွက်ပေးရမလား"
"မဟုတ်တာ အဒေါ်ပြန်တော့မှာ ထယ်လေး လာလာ..။ သူဌေး ကျွန်မ အောက်ဆင်းပါတော့မယ်"
ခေါင်းသာညိမ့်ပြတဲ့ So Hyoon ။
"ကုတင်ပေါ်ပဲ လှဲနေတာပဲ အကို။ ထမင်းစားရတာ ဘယ်လိုနေလဲ။ စားပွဲခုံပေါ်က ဟင်းတွေလဲမကုန်ဘူးနော်.."