Tae"ဟင်..ဂျောင်ဂု "
အကြောင်းမကြားပဲ ဆိုင်ထဲရောက်ချလာတဲ့ ချစ်သူတော်။ သူ့အကြောင်းတွေးနေရင်း တွေ့လိုက်ရတော့ အနည်းငယ်ကြောင်သွားသည်။
Tae"ပြန်ရောက်တာမပြောဘူး လာခေါ်မှာပေါ့"
ရင်ဘက်ကိုလက်သီးစုပ်နဲ့ ထုလိုက်တော့ နာလို့နဲ့ တူပါတယ် ပွတ်သပ်နေတာ။
Jk"အကို အံ့ဩသွားအောင်လေ ဘယ်လိုလဲsurprise ဖြစ်တယ်မလား"
Tae"ငါက လေဆိပ်မှာ လာကြိုချင်တာလေ"
Jk"ဘာနဲ့လာမှာလဲ"
Tae"မင်းကားနဲ့ပေါ့ဟ ငါ့မှာ ကားမှမဝယ်ရသေးတာ"
ယုန်သွားကြီးထုတ် နှာခေါင်းကြီးရှုံ့ပြီးရယ်နေတဲ့ မောင်ပါ။ မျက်နာလေးမမြင်ရတာကြာတော့ ပြုံးပြုံးလေး ငေးနေမိတယ်။ မောင်ကအရမ်း ကြည့်လို့ကောင်းတာပဲ။ အေးချမ်းရာရပ်ဝန်းနုနုလေးပါ။ ရုတ်တရက်ဆိုသလို နှုတ်ခမ်းပေါ်ကျလာတာ နူးညံ့တဲ့အထိအတွေ့။ မငြင်းဆန်မိ။ ကိုယ်တိုင်လဲ ငတ်မွတ်နေခြင်းသာ။ ခါးပေါ် ပွတ်သပ်နေတဲ့ တက်တူးနဲ့လက်ဖျံလေးက တင်းကျပ်စွာ။ မောင့်ပခုံးပေါ်က ကျွန်တော့်လက်သွယ်သွယ်လေးတွေဟာ မာကြောနေတဲ့ ပုခုံးပေါ် စုပ်ကိုင်လို့။
အပေးယူမျှတဲ့ အနမ်းတွေက ချိုသာစွာ မွေ့ရမ်းနေသော လျှာနုနုပေါ်မှာ ရစ်သီလို့ရယ်။ အော်ညည်းသံတွေက စိတ်အလိုလိုက်ကာ လျှံကျလာသည်။ ဒီအချိန်ဝယ်သူများလာရင်တော့လား ပန်းဆိုင်ပိုင်ရှင်တော့ အရှက်မဲ့ရချည်ရဲ့။ မောင့်ရဲ့ ရှည်ကြာလွန်းတဲ့ အနမ်းသိပ်သိပ်တွေက ညည်းထန်လာပြီ။မုန်တိုင်းသာဆိုလျှင် ပြင်းအားပန်းရောင်အဆင့်ပဲ။ ရင်ဘက်ကိုဖွဖွပုတ်ပြီး အသက်ရှုခွင့်တောင်းရတော့သည်။
Tae"သေအောင်နမ်းနေရလား ဟမ်"
Jk"အကိုကလဲ လွမ်းနေတာကို ကျွန်တော့်ကိုမလွမ်းဘူးလား"
Tae"လွမ်းတာက လွမ်းတယ်လေ မင်းနမ်းတာလဲကြည့်ဦး ငါ့ပါးတွေပါ ပေပွကုန်ပြီ"
Jk"ကျွန်တော် ပြန်သုတ်ပေးမယ်"
Tae"အလုပ်ကိစ္စအဆင်ပြေခဲ့လား"
