အရှေ့ကောင်းကင်မှ နေမင်းရာဇာ ထွက်ပေါ်လာပြီးနောက် တစ်ကျွီကျီအော်မြည်နေသော ငှက်ပေါက်ကလေးမျာရနဲ့အတူ သာယာသော မနက်ခင်းတစ်ခု။
မသာယာသော ဘဝတစ်ကွေ့တွင် နေထိုင်လာတာ ဒီနှစ်နဲ့ဆို သုံးနှစ်စွန်းစွန်းပင် ရှိတော့မည်။ Kim Taehyung အသက် ၂၃နှစ်တင်းတင်းပြည့်ခဲ့ပြီ။ ဒါဝဋ်ကြွေးဆိုလဲ ဒီဘဝနဲ့ ဒီမျှသာကျေပါစေ။ ကိုယ့်အပေါ်မွေးပေးခဲ့တဲ့ကျေးဇူးကို ဘဝနဲ့ရှင်းပြီးဆပ်ပေးခဲ့ရတယ်။ လူအများအမြင်မှာ ယောကျ်ားတန်မယ့် ပျော့ညံလိုက်တာဟုထင်ချင်စရာပင်။ အသားမဖြူမညို။ ဆံပင်အုပ်အုပ်ကောက်ကောက်လေးတွေက နူးညံဝင်းမွတ်နေတဲ့ မျက်နာတစ်ခွင် ဖုံးအုပ်။ နှာသီးဖျားထိပ်က မှည့်လေးဟာ လူကိုအလှပိုတိုးလို့နေသယောင်ရှိ၏။ ပြန့်ပြူးနေတဲ့ နှုတ်ခမ်းသားဟာ အမြဲ ပန်းနုရောင်သန်းလို့ရယ် Kim So Hyoon ချစ်ရင်လဲ ချစ်ချင်စရာပါ Tae Hyungဆိုသည့် အမျိုးသားဟာ အမျိုးသမီးများပင် ငေးကြည့်ရလောက်တဲ့ အလှပဂေးလေးပင်။
မွေးနေ့ဖြစ်သဖြင့် Taehyungတစ်ယောက် စောစောနိုးလာသည်။ ပြတင်းပေါက်မလှမ်းမကမ်းက ငှက်ပေါက်လေးတွေရဲ့ အမေပျောက်ရှာပုံတော်ကြောင့်လဲပါမည်ထင်။
"အားးး ကိုက်ခဲလိုက်တာ ငှက်တွေရယ် တော်ပါတော့ မင်းတို့အမေပြန်လာမှာပါ ငါလေတကယ် တော်ပြီ မျက်နာပဲထသစ်တော့မယ်"ကျယ်ဝန်းတဲ့ခြံကြီးထဲမှာ Kim So Hyoon၊ Kim TaeHyung ၊ Taehyung အမေရယ်၊ အိမ်တော်ထိန်း mrs park သာရှိသည်။ တစ်ခါတစ်ရံ Taehyung တွေးမိသည် ငါKim Taehyung အဖြစ် မွေးမလာမိရင်ကောင်းသား ဒါမှမဟုတ် Kim So Hyoonနဲ့ မတွေ့ခဲ့ရရင်ကောင်းသားရယ်။ So Hyoon ကို မချစ်၍မဟုတ်ပါ ချစ်ခဲ့ပါတယ်။ ချစ်ခဲ့ပါတယ်ပေါ့။ ဘယ်လိုချစ်တာလဲဆိုတာတောင် ပြန်မစဉ်းစားနိုင်တော့တဲ့အထိ ချစ်ခဲ့ပါတယ်။
အခုလို သူ့စိတ်ရင်းအမှန်သိရတဲ့နောက် ပိုလို့တောင် ကြောက်စိတ်အပြင် ရွံမုန်းစိတ်ပါဝင်ခဲ့မိသေးတာ။
"မချစ်သော်လည်း အောင့်ကာနမ်းတဲ့ မင်းက မနမ်းချင်ရင်တောင် မနမ်းချင်ဘူး ပြောမရတဲ့ဘဝမလား အဲ့တော့ ကိုယ့်ဘဝကိုသိပြီး လှလှလေး နေကြရအောင်"