"နိုးပြီလား ဒီနေ့ ဆေးရုံသွားရမယ်နော်"
"ဘာလုပ်စရာရှိလို့လဲဆေးရုံမှာ"
"သွေးစစ်ရမယ် ဆေးသွင်းရမယ်လေ"
"အိမ်ကိုဒေါက်တာမလာဘူးလား"
"ဆေးရုံမသွားချင်ဘူးလား"
"အင်း မသွားချင်လို့"
"ဆေးသွင်းတာက ခဏပါပဲ။ ပြီးရင် ဟန်မြစ်ကိုသွားကြမယ်လေ"
"အင်း..ပြီးရော"
ဆေးရုံရောက်တော့ အကို့ကို ဆရာဝန်သုံးယောက်လောက် နဲ့ သူနာပြုနှစ်ယောက်က လာခေါ်သွားသည်။ အကောင်းဆုံးဆေးရုံဆိုတဲ့ နေရာမှာ အကို့ကို ဆေးသွင်းပေးသည်။ ပိုက်ဆံကတော့ အကို့Black cardထဲကပေးသည်။ အိမ်ရောက်တဲ့နေ့ကတည်းက Black cardကို ကျွန်တော့်ကိုပေးထားသည်ပင်။
"Kim Taehyungနော် Kim So Hyoon နဲ့ဘာတော်လဲမသိဘူး"
"သူ့ညီပါ"
"စိတ်မရှိနဲ့နော် အရင်က Mrs Park ပါလာနေကြမို့လို့ပါ"
"ရပါတယ် နောက်ဆို Mrs parkအစား ကျွန်တော်လိုက်လာမှာပါ"
"ဟုတ်ကဲ့ လူနာအခြေအနေက ကင်ဆာနောက်ဆုံးဆင့်ရောက်နေပြီဆိုတာ သိပါတယ်နော်"
"သိပါတယ်"
"သူ့ရဲ့ စိတ်ရောဂါဆ်ိုင်ရာအတွက် သောက်နေရတဲ့ဆေးကို ဖျက်ထားတယ်ပြောတယ်။ သူရောဂါဖေါက်တာတွေ ဘာတွေ ရှိလား ဒီတစ်ပတ်အတွင်းမှာ"
"ကျွန်တော်အိမ်ရောက်တဲ့နေ့ကစလို့ အခုထိတော့ စိတ်မဖေါက်သေးပါဘူး"
"ဟုတ်ကဲ့။ ကင်ဆာဆေးကတော့ အမြဲသွင်းပေးနေရမယ်။ အိမ်ရောက်ရင်လဲ ဆေးပိုက် လဲတာတွေနဲ့ အခြား ဆေးထည့်တာတွေ လုပ်ပေးရမယ်။ ခဏနေရင် သူနာပြုလာသင်ပေးပါလိမ့်မယ်။ လူနာကို အတက်နိုင်ဆုံး စိတ်ချမ်းသာအောင် ထားပေးပါ။ သွေးထဲမှာ ပျံ့နေတာဆိုတော့ရောဂါဖိစီးတာကို ခံနေရတတ်တယ်။"
"ဟုတ်ကဲ့ ကျွန်တော်သိပါတယ်"
"ကျွန်တော်တို့လဲ So Hyoon အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ Taehyung အားတင်းထားပါ"
"ဟုတ်ကဲ့ကျေးဇူးပါ"
ဒေါက်တာနဲ့စကားပြောပြီးတော့ သူနာပြုခေါ်ရာနောက် လိုက်သွားလိုက်တယ်။ So Hyoon ဆေးသွင်းနေတဲ့အခန်း။ အခန်းတံခါးဖွင့်ကြည့်လိုက်တော့ ကုတင်ပေါ်မှာ ဆေးသွင်းရင်းမှိန်းနေတယ်။နာလို့နဲ့တူပါရဲ့ မျက်မှောင်ကျုံ့ထားလိုက်တာ။ တံခါးဖွဖွပိတ်ပြီး သူနာပြုဆီသွားလိုက်တော့သည်။