လူဂုဏ်ထန်တွေရှိတဲ့ ထိုလမ်း စိတ်ဒဏ်ရာတွေရှိတဲ့ ထိုအိမ်မှ Taehyung ထွက်လာနိုင်ပြီ။
အမေဆုံးပြီးပြီးချင်း ကွာရှင်းဖို့ ပြင်ဆင်ခဲ့ပေမယ့် အကိုက နှစ်လလောက် ဖြစ်ဖြစ် အတူနေပေးပါတဲ့။ သူကျွန်တော့်ကိုမပေးခဲ့ရတဲ့ မေတ္တာတွေ ပေးချင်လို့ပါတဲ့။ နားထောင်လို့ကောင်းသား။
နှစ်လပြည့်တာနဲ့ လမ်းခွဲဖို့ရော ရသင့်ရထိုက်တဲ့ ပစ္စည်းတွေပါ လွှဲပြောင်းပေးပါမယ်လို့ ကတိပေးလာတယ်။ကျွန်တော် တစ်ယောက်တည်းအားနဲ့ ဒီလိုဘဝမှာ ကြာကြာမရပ်တည်နိုင်ဘူး။အဲ့ဒါကြောင့် သူပြောတာကို လက်ခံပြီး နှစ်လလောက်ဆက်နေပေးခဲ့တယ်။
အကိုက တစ်ခါမှ မလုပ်ဖူးတဲ့ အပြုအမူတွေနဲ့ ဂရုစိုက်ပြနေတာ ကျွန်တော် စိတ်ပြန်လည်လာဖို့ ကြိုးစားနေတာနေမှာပေါ့။ ဒါပေမယ့် ကျွန်တော့် ဆုံးဖြတ်ချက်ကို မပြင်ဘူး။နှစ်လပြည့်တာနဲ့ ဒီအိမ်ကြီးနဲ့ အကို့ဆီကနေ ထွက်လာခဲ့တာ။။ မမုန်းသော လမ်းခွဲခြင်းမျိုးဖြစ်ဖို့ပဲ ဆုတောင်းပါတယ်။
အကိုက ကွာရှင်းပြီးတော့Guess perfume company ဘေးက ခြံကြီးကိုပေးခဲ့တယ်။Seoul မြို့လယ်ခေါင်မှာ ဆောက်ထားတဲ့ အိမ်ကြီးက တန်ဖိုးမနည်းလောက်ဘူး။မိုးမျှော်တိုက်တွေကြားမှာဆိုတော့ ထင်ရှားနေမှာပဲ။ အဲ့ခြံထဲမှာပဲ အလုပ်တစ်ခုခုလုပ်ရမယ် စိတ်ကူးခဲ့တာ အိမ်တွင်းပုန်းကာလမှာ သင်ခဲ့တဲ့ ပန်းအလှဆင်ပညာနဲ့ လက်ဆောင် ပန်းစည်းဆိုင် ဖွင့်လိုက်တာ ဖောက်သည်တောင် တော်တော်ရနေပြီ။
အိမ်ရှေ့မျက်နာစာတွင် Dreamဆိုသည့် လက်ဆောင်ပန်းစည်းဆိုင် ဆိုင်းဘုတ်လေး။Taehyungရဲ့ အိမ်မက်လေးတွေ အကောင်အထည်ဖော်နေသည့် ဆိုင်ကလေး။ တစ်ဆိုင်လုံး ပန်းပေါင်းစုံပြည့်နေသည်။ ဆိုင်အပြင်က ခရမ်းရောင်နုနု။ ဆိုင်ထောင့်တိုင်းမှာ ချိတ်ဆွဲထားတဲ့ Dream catcher လေးတွေ။
ဒီနေ့အတွက် ဝယ်သူမလာသေးပေမယ့် အော်ဒါပန်းစည်းလေးက်ို စည်းနေရင်း BTSရဲ့ Permission to dance ကို တိုးတိုးလေးဖွင့်ထားသည်။ပါးစပ်ကလဲ ဖွဖွလိုက်ဆိုရင်း ဂုဏ်ပြုလက်ဆောင်ပန်းစည်းကို လက်စသတ်နေသည်။
——————————-
