"Hyungမပြီးသေးဘူးလား Hotel CEO လုပ်နေပြီး နောက်ကျနေလို့မဖြစ်ဘူးလေ"
"ပြီးပါပြီဟ မင်းကလဲ အချိန်ကြည့်ဦး ပွဲစဖို့လိုပါသေးတယ်"
Hotel အဝတ်လဲခန်းထဲမှာ ဆူညံနေကြတဲ့ ညီကိုဝမ်းကွဲနှစ်ယောက် ဝမ်းကွဲသာပြောတယ် အရမ်းကိုချစ်ကြတဲ့ ညီကိုအရင်းတွေလိုပါပဲ။
Jk.."Hyung Hotel လဲပြီးပြီဆိုတော့ ကျွန်တော့် company ဘက်လဲ လာခဲ့ဦး
Perfume တွေကို Show roomအနေနဲ့ ပြသဖို့ ဆိုင်ခန်းကောင်းကောင်းရှာနေတာ အခုထိ စိတ်တိုင်းမကျသေးဘူး"Hobi.."မဟုတ်သေးပါဘူး မင်းကကို ဂျီးထူနေတာလေ ဟိုနေ့က Seoul မြို့လယ်ခေါင်က ဆိုင်ခန်းကောင်းကောင်းတွေ ငါလိုက်မပြခဲ့ဘူးလား မင်းကဘူးတစ်လုံးဆောင်ပြီး တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နေတာလေ အဲ့နေ့က ငါ့သူငယ်ချင်းနဲ့တောင် မတွေ့ခဲ့ရဘူး"
Hobiခမျာနှုတ်ခမ်းထော်ထော်နဲ့ သူ့ညီကို ဘယ်လောက်ဂျီးထူကြောင်း ပြောပြနေတော့သည်။
Jungkook လဲ ဘာမှဆက်မပြောတော့ သူလုပ်ချင်တာရှိရင် မရရအောင် မဖြစ်ဖြစ်အောင်လုပ်တတ်တဲ့အကျင့်လေးကြောင့် ဂျီးထူးတယ်ပြောလဲ ပြောပါစေတော့ ဆိုပြီး ဧည့်သည်တွေဆီ ထွက်လာခဲ့သည်။
Taehyungလန့်နိုးလာပြီး ကားအပြင်ဘက်ကြည့်လိုက်တော့ Busanဆိုတဲ့ ဆိုင်းဘုတ်ကိုမြင်လိုက်သည်။
Tae.."အား... Busanသွားနေတာပဲ"
So Hyoon .."ကလေး နိုးပြီလား ဟိုရောက်မှ နိုးမလို့ ရောက်တော့မယ်သိလား"
Taehyungဘာမှမပြောပဲ ခေါင်းသာညိမ့်ပြလိုက်သည်။
So Hyoon.."အခုသွားမယ့်Hotelဖွင့်ပွဲက Busanက သူဌေးလေ သူနဲ့ခင်တာမကြာသေးပေမယ် အလုပ်တွဲလုပ်ရတာအရမ်းအဆင်ပြေတယ် ဟိုးနေ့ကမှသိတာ သူနဲ့အကိုနဲ့က အထက်တန်းတူတူတက်ခဲ့တာတဲ့ သူကကျောင်းပြီးတော့ နိုင်ငံခြားထွက်သွားတော့ အခုမှပြန်ခင်သလိုဖြစ်နေပြီ"
Tae"အကို Tae ကိုအလုပ်လုပ်ခွင့်ပေးပါလား အိမ်မှာပဲနေနေရတာ ပျင်းနေပြီ"
So Hyoon "ကလေး အိမ်မှာပဲနေပါ အမေကလဲနေကောင်းတာမဟုတ်ဘူး သူ့အတွက်အချိန်ပေးရမယ်လေ"