ဒီနေ့ဟာ So Hyoon ရဲ့စာအုပ်ကို ဖတ်တာ နှစ်ရက်မြောက်သောနေ့ဖြစ်သည်။ အတွေးတွေများလာသောကြောင့် စာဖတ်ခြင်းအမှုကို ရပ်ထားလိုက်ခြင်းဖြစ်၏။ ဘာပဲဖြစ်ဖြစ် ဆက်ဖတ်ပြီးမှ အကြောင်းစုံသိရမှာမဟုတ်ပါလား။
"အကို..ဒီနေ့ companyမှာ ညစာစားပွဲရှိတယ်။ အဖေနဲ့အမေလဲ လာမှာ။ ကျွန်တော်အိမ်မှာမနေတာ သူတို့သိတယ် အဲ့ဒါ အကိုနဲ့ အေးဆေးတွေ့ချင်တယ်တဲ့။ အကိုညကျရင် လိုက်ခဲ့ပါလား"
"မောင့် အမေက ငါ့ကို သိပ်သဘောမကျဘူးလေ။ အဲ့ဒါဘာလို့တွေ့ချင်ရတာလဲ"
"အဲ့လိုမဟုတ်ရပါဘူး အကိုရယ်။ အမေသဘောမကျလဲ ဘာအရေးလဲ ကျွန်တော်က အကို့ကိုချစ်တယ်လေ"
"အချွဲလေး.. ဘယ်ချိန်လဲညစာစားပွဲက"
"၇နာရီလောက်စမှာ..ပြီးတော့ Hyungလဲ လာမှာ.."
"အင်း ပြီးရောလေ ငါလိုက်ခဲ့မယ်.."
"ဟုတ်အကို..အဲ့ဒါဆို ကျွန်တော် companyသွားလိုက်ဦးမယ်။ခဏနေ ပြန်လာခဲ့မယ်နော်..။"
"ငါလှမ်းခေါ်ရင်တောင် ကြားနေရတာကို နှုတ်ဆက်မနေနဲ့ သွားသွား"
"ဟီး...ချစ်စရာကြီး"
"ဟော ဒီတစ်ယောက်.."
"သွားပြီ အချစ်ရေ.."
ကလေးပေါက်စက စိတ်ဆိုးအောင် စသွားသေးတာ။ပြောမယ့်သာပြောတာ မောင့်အမေက ကျွန်တော့်ကို အမြင်မကြည်ဘူးလေ။ သူ့သားကို သူတို့ဆီက ခွဲထုတ်သွားမှာစိုးရိမ်တယ် ထင်ပါတယ်။ မောင်ကလဲ မောင်ပဲ မိဘပိုက်ဆံ ထိုင်မသုံးဘူး ကိုယ့်ဒူးကိုယ်ချွန်ထားတဲ့အတွက် အချစ်ရေးမှာ ဝင်စွက်ဖက်ခွင့်မပေးဘူးတဲ့လေ။
ယောက္ခထီးကြီးက ဘာမှသိပ်မပြောပေမယ့် မြေးချီချင်တာ သူ့အိပ်မက်ပါတဲ့။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ယောက်ျားနှစ်ယောက်ချစ်တဲ့ ချစ်ခြင်းက လွယ်ကူမနေဘူးလေ။
နောင်ဖြစ်လာမယ့်ကိစ္စတွေကို ကြိုမတွေးချင်တော့။ ဖြစ်လာကာမှ ရင်ဆိုင်နိုင်အောင် ကြိုးစားတော့မယ်။ အိမ်နေရင်း ပေါ့ပေါ့ပါးပါး ဘောင်းဘီတိုနဲ့ hoodie အပွသာဝတ်ဆင်ထားတယ်။ စိတ်လက်ပေါ့ပါးနေအောင်ပေါ့။ စာဖတ်ခန်းထဲဝင်ဖို့ စိတ်လှုပ်ရှားနေတာ အမှန်။ ထိုစာအုပ်ကိုဆက်ဖတ်ရန် အားအင်မရှိသလိုခံစားရ၏။