/10/

246 19 0
                                    

Jungkook နဲ့ Taehyungမတွေ့ဖြစ်တာ နှစ်ရက်နဲ့ နေ့တစ်ဝက်ရှိပြီဖြစ်သည်။ ချစ်ခဲ့ကြတဲ့ညက Jungkook ရဲ့ perfumeစက်ရုံမှာ ကုန်ကြမ်း ပြသာနာတက်ခဲ့သည်။ထို့ကြောင့်  Australia ကို ကုန်ကြမ်းကိစ္စဖြင့် ချက်ချင်းသွားခဲ့ရသည်။ အရွယ်ရောက်ပြီးသား ယောကျ်ားနှစ်ယောက်မို့ နားလည်မှုအပြည့်ရှိကြသည်။

Jungkook ကဖုန်းဆက်မအားရင် စာလေးတစ်ကြောင်းလောက်ဖြစ်ဖြစ် ရအောင်ပို့ပေးတတ်တာ။ အခုလဲ Jungkook ပို့လိုက်တဲ့ စာကြောင့် Taehyungမှာ ပြုံးလျက်။ ချစ်တယ်လို့ ပို့လိုက်တော့ အများကြီးပိုချစ်တယ်လို့ ပြန်ပို့တဲ့ ယုန်ပေါက်။ တွေ့မှ ရင်ဘက်ထဲ ခေါင်းနှစ်ထားပစ်မယ်။

Tae"မဂ်လာပါဗျ ပန်းတွေ စိတ်ကြိုက်ကြည့်ပါနော်..ဟင် mrs park?"

Mrs"ထယ်လေးနေကောင်းတယ်နော်"

Tae" mrs park လာထိုင်ပါဗျ မတွေ့တာ အတော်ကြာနေပြီပဲ"

Mrs"သူဌေးလေးနဲ့ တွေ့ဖြစ်သေးလား"

Tae"အင်း တစ်ခါတော့တွေ့လိုက်တယ်။ နောက်ပိုင်း အိမ်ကိုရော ကျွန်တော့်အရှေ့ကိုရော ပေါ်မလာဖို့မှာလိုက်တယ်"

Mrs"သူ့အကြောင်း ထယ်လေး ဘာသိထားတာရှိလဲ"

Tae"အဒေါ်  သူ့အကြောင်းပြောမယ်ဆိုရင် ဒီကိုမလာပါနဲ့။ ကျွန်တော်သူ့အကြောင်းဘာမှမသိချင်ဘူး။ ရင့်သီးတယ်လို့တော့ မထင်ပါနဲ့ ကျွန်တော်မှာ ချစ်ရတဲ့လူနဲ့ ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နေပြီမို့ သူရော သူ့အကြောင်းရော ဘာမှသိစရာမလိုတော့ဘူး Mrs park "

Mrs"ထယ်လေးရယ် စိတ်လျှော့ပါ။ မင်းတို့ကြားကို အဒေါ် ဝင်စရာအကြောင်းမရှိပေမယ့် အခုက အဒေါ်မကြည့်ရက်တော့လို့ အကူအညီလာတောင်းတာပါ"

Tae"ဘာလဲ အသည်းကွဲပြီး အရက်တွေသောက် မူးရူးနေပြီတဲ့လား"

Mrs"မဟုတ်ဘူးထယ်လေး So Hyoon မှာ စိတ်ရောဂါအပြင် သွေးကင်ဆာပါဖြစ်နေတာ။"

Tae" ဘာရယ် သွေးကင်ဆာဟုတ်လား။ လာလိမ်မနေနဲ့ သူလိုလူက လူ့ဘဝကြီးမှာ အကြာကြီးနေရဦးမှာ"

Mrs"အဒေါ်မလိမ်ရပါဘူးကွယ် လွန်ခဲ့တဲ့ နှစ်ပတ်လောက်က သွေးတွေ ရေသွန်သလို အန်လို့ သွေးသွင်းခဲ့ရသေးတယ်။မနေ့က ဆေးရုံရက်ချိန်းကို မန်နေဂျာနဲ့အတူ အဒေါ်လိုက်သွားတာ ကင်ဆာဆဲလ်တွေက ပျံ့နေပြီမို့..."

Save place (Complete)Où les histoires vivent. Découvrez maintenant