"ဒါဆို မောင်နဲ့So Hyoon က ငါ့ထက်အရင် တွေ့ဖူးကြတာပေါ့။ မောင်က ဘာလို့ မပြောပြရတာလဲ။ ငါ့ကိုဘာလို့ လိမ်ထားရတာလဲ။ အရင်ကတည်းက ချဉ်းကပ်ခဲ့တာပေါ့ဒါဆို။ အကို့မှာ ရောဂါကြီးရှိမှန်းသာသိခဲ့ရင်...ငါ။"
အမှန်အတိုင်း ဝန်ခံရရင် မောင့်ကို စိတ်ဆိုးမိတယ်။ ဒါပေမယ့် ငါစိတ်ဆိုးသင့်ရဲ့လား။ ကိုယ့်စိတ်က ဘယ်လိုဘယ်ပုံ မှန်းတောင် မသိနိုင်တော့ဘူး။အကယ်၍သာ So Hyoon မှာ ရောဂါဖြစ်နေတာသာ သိခဲ့ရင် ငါထွက်သွားနိုင်ပါ့မလား။ အခုလို ထွက်သွားခဲ့လို့ပဲ မောင်နဲ့ ဆုံစည်းခဲ့ရတာမဟုတ်လား။ အဲ့လိုဆိုပေမယ့်လည်း မောင်နဲ့တွေ့ဆုံခြင်းက ကြိုတင်ကြံစည်ထားခြင်း မဟုတ်ဘူးလား။ မောင်ရယ်...မင်းရှင်းပြမယ့်စကားတွေ ကြားချင်သေးတယ်။
———————————အကိုပေါက်စကို စိတ်မချစွာ ထားခဲ့ရသည်။ ဒီလိုမျိုးထပ်ပြီး မခွဲချင်ပေမယ့် ရှေ့ဆက်ရမယ့် ဘဝအတွက် အခုထဲက ကြိုးစားကာမှ တော်ကာကျမယ်မလား။ Hobi Hyung ကိုအကူအညီတောင်းရပေဦးမယ်။ လေယာဉ်ပေါ်မတက်ခင် ဖုန်းဆက်မှ။
"Hobi Hyung အလုပ်များနေလား။"
"ဘာလဲ ပြောစရာရှိတာပြော"
"Hyungကလဲ။ ကျွန်တော်အခု လေဆိပ်မှာ အလုပ်ကိစ္စနဲ့ နိုင်ငံခြားထွက်စရာရှိတယ်"
"အဲ့ဒါငါဘာလုပ်ပေးရမှာလဲ"
"အကို့ကို စောင့်ရှောက်ပေးပါလို့.."
"မင်းစကားကဘာတုန်းဟ..စိတ်မချရင် အစောထဲက ခေါ်သွားလေကွာ"
"Hyungကလဲ မရလို့ပေါ့...အဲ့ဒါလေ အက်ိုလိုအပ်တာ ဘာညာရှိရင် Hyungစီစဉ်လုပ်ပေးပါနော်"
"မင်းက ဘယ်နရက်ကြာမှာလဲ.."
"အများဆုံးသုံးရက်..."
"သုံးရက်ပဲကြာမှာကို စိတ်မချဖြစ်နေရလား..မင်းဟာကလဲ So Hyoon ရှိကတည်းက စိတ်မချနိုင်တာ...အဲ့လောက်ဖြစ်နေရင်လဲ Taehyungကို မြိုသာချထား.."
"Hyungက ဆူမယ်ဆိုတာကြီးပဲ...လေယာဉ်ပေါ်တက်တော့မယ်..ကျွန်တော်အကူအညီတောင်းတာပါ စိတ်ချမယ်နော်..ဒါပဲနော်"
"ဟေ့ကောင်..ဟေ့ကောင်Jk..ဟာ"
မပြောမဆို ဖုန်းချသွားပြန်ပြီ။ ဒီတိုင်းဆို Taehyungအိမ် ညနေသွားရတော့မှာပဲ။ အမှန်တိုင်းပြောရရင် Taehyungကို မျက်နာပူမိတယ်။နောက်မှပဲ တောင်းပန်တော့မယ်။