/12/

210 18 0
                                    

Tae"Mrs park  အကို သူ့အခန်းထဲမှာမလား"

Mrs" ဟင် ထယ်လေး လာတယ်။ အင်း ခုဏကလေးတင် ဆေးသွင်းပြီးသွားတာ အခန်းထဲမှာ အိပ်နေတယ်ထင်တယ်"

Tae"ကျွန်တော် တက်သွားလိမ့်မယ်။ ဒါနဲ့ သူ့ကိုရေချိုးလို့ရလား"

Mrs"ရေတော့မချိုးပေးဘူး ထယ်လေး ရေပတ် တော့တိုက်ပေးတယ်။

Tae" ရေဇလုံနဲ့ အဝတ်ယူလာပေး ရေအေးအေးလေးထည့်ခဲ့နော်။ အိမ်ရှေ့မှာ အိတ်တွေရှိတယ် ကျွန်တော်အရင်နေတဲ့ အခန်းထဲထည့်ထားပေး။ မဖြည်နဲ့ ဒီတိုင်းထားလိုက်"

မှာစရာရှိတာမှာပြီး အိမ်အပေါ်ထပ် တက်သွားလိုက်သည်။ မောင်က ခွင့်မပြုလင့်ကစား မတားခဲ့ပေ။ အကို့ကို ယုံတယ် တဲ့လေ။ကားနဲ့လိုက်ပို့တော့ တော်တော်နဲ့မပြန် ကျွန်တော် အိမ်ထဲသွားကာမှ ပြန်သွားသည်။ ဒီအရိပ်ဆီပြန်လာတာ ဒါနောက်ဆုံးပါမောင်။မောင့်အတ္တကို ဒီတစ်ခါတော့ ချိုးနှိမ်လိုက်ပါရစေ။

အခန်းထဲဝင်လိုက်တော့ အလင်းရောင်ပျပျသာ ရှိသည်။ သူ့ကိုယ်သူ လူမမာဇာတ်သွင်းနေမှတော့ ပိုဆိုးလာရုံပဲရှိမယ်။ ကုတင်ပေါ်မှာ ဆေးပိုက်တန်းလန်းနဲ့ အကိုက တစ်ချိန်က So Hyoon နဲ့မတူတော့။ ခြောက်သွေ့နေတဲ့ အသားရည်နဲ့ ခေါင်းပေါ်က ခေါင်းစွပ်အညိုရောင်လေးမှာ ကင်ဆာရဲ့ နောက်ဆက်တွဲ အကျိုး။အိပ်ပျော်နေတယ် ထင်ပါ့ ဟောက်သံလေးတောင် ထွက်နေတယ်။

အခန်းထဲ ရောက်လာသည်နှင့်အမျှ လှိုင်လှိုင်တက်လာတဲ့ ဆေးနံ့တွေက မူးမေ့ချင်စရာ။ နောက်ဆုံးဆန္ဒဆိုတာ နောက်ဆုံးအချိန်မှာ ရပ်နေရတဲ့ လူတွေရဲ့ လက်သုံးစကားပင်။ အသက်ကို ဆေးနဲ့ဆက်ရင်တော့ ကြာကြာနေနိုင်ပါသေးတယ်လေ။

ကုတင်နားရောက်တော့ မြင်နေရတဲ့ လက်ချောင်းညိုညိုလေးတွေ။ ကင်ဆာဆဲလ်ပြန့်ရင် ပြန့်သလောက် လက်ချောင်းထိပ်လေးတွေနဲ့ လက်ပန်းကုံးလေးတွေဟာ မည်းလာတတ်တာ။ အရင်လို လက်ဖွေးဖွေး လေးတွေ မရှိတော့ဘူးရယ်။ အမြဲsuitနဲ့ စမတ်ကျကျနေတတ်တဲ့လူက အခုတော့ဖြင့် သက်သောင့်သက်သာ ချည်သားဝမ်းဆက်နဲ့ ပင်။ ဆေးရုံဝတ်စုံမဖြစ်လင့်ကစား ဝတ်စုံကြောင့် လူမမာ ရုပ်တော်တော်ထွက်နေပြီဖြစ်သည်။ လူကိုစိတ်သတ်ရင်လဲ သေနိုင်တာပဲမလား။

Save place (Complete)Tempat cerita menjadi hidup. Temukan sekarang