မနက်ခင်းတိုင်း ဒီလိုနိုးထရရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ကိုယ်လုံးအေးအေးလေးကို နွေးနေအောင် ဆွဲဖက်ထားရတဲ့ခံစားချက်က ဘာနဲ့မှမလဲနိုင်။ ဒီတစ်နေ့တော့ အကိုနဲ့လျှောက်သွားမယ်စိတ်ကူးတယ်။ ချစ်လာကြတဲ့သက်တမ်းတစ်လျှောက် အေးဆေးမdateရသေးတာ လူတွေသိရင် ရယ်ကြမလား။
အကို့အတွက် အလုပ်တွေလဲ ပစ်ထားတယ်။ အကိုကလဲ ကျွန်တော့်အတွက် တာဝန်တွေ ပစ်ထားတယ်။ ဘယ်လောက် ပျော်ဖို့ကောင်းလိုက်သလဲ။ ရင်ခွင်ကြားက လွန့်လူးလာတဲ့ အကိုကျားပေါက်။
"မောင်..နိုးနေပြီလား"
"ဟင့်အင်း အခုမှနိုးတာ"
"ဗိုက်ဆာလိုက်တာမောင်ရယ်.."
"ဟုတ်လား အဲ့ဒါဆ်ို မောင်ခေါက်ဆွဲပြုတ် လုပ်ပေးမယ်။ မျက်နာသစ်ပြီး ထွက်လာခဲ့နော်။"
"အင်း ချစ်တယ်"
"မောင် ကပိုချစ်.."
နှဖူးပြင်ပေါ် အနမ်းပေးလိုက်တော့ သဲ့သဲ့ရယ်နေတယ်။ သူသဘောကျလို့ ထင်ပါရဲ့။ ခေါက်ဆွဲပြုတ်ရန် ကုတင်ပေါ်ကဆင်းပြီး boxer pantနဲ့ tshirtအပါးလေး ကောက်စွပ်လိုက်သည်။ မီးဖိုခန်းထဲသွားပြီး လုပ်စရာရှိတာလုပ်ဖို့ပြင်တော့သည်။အကိုကတော့ ကုတင်ပေါ်မှာ ဖုန်းသုံးနေလေရဲ့။ရုတ်တရက်ဝင်လာတဲ့ဖုန်းက So Hyoon မန်နေဂျာဆီမှဖြစ်သည်။ ဘာကိစ္စကြောင့်များလဲ So Hyoon တစ်ခုခုဖြစ်လို့လား။
"ဟယ်လို.."
"သူဌေးလေး ဆရာ တစ်မနက်လုံးသွေးတွေအန်ပြီး အခု ရောဂါထဖောက်နေတယ်"
"ရောဂါဖောက်တယ်..ဘာကိုပြောတာလဲ..ဆရာဝန်မခေါ်ဘူးလား"
"ညက ဆရာဝန် ဆေးသွင်းပြီး အိပ်ဆေးထိုးပေးခဲ့တာ အခုနှိုးလာမှ ထဖြစ်တာ။ ဆရာဝန်ခေါ်ထားတာ ခွဲခန်းဝင်နေလို့ နောက်တစ်နာရီလောက်မှ လာနိုင်မယ်တဲ့."
"ဘယ်လိုတာဝန်မဲ့မှုကြီးလဲ...အေးအေး ကျွန်တော်အခုလာပြီ"
"ဟုတ်ကဲ့မြန်မြန်လာပါနော်.."
အဝတ်အစားအမြန်ဝတ်ပြီး အိမ်ရှေ့ပြေးထွက်ခဲ့ရသည်။ ခေါက်ဆွဲပြုတ်နေတဲ့မောင့်ကို ပြေးဖက်ပြီး ချော့ရပေဦးမည်။
