အပိုင်း (၁) ပန်းကျိန်စာ

21.1K 209 12
                                    

ကောင်းကင်က မှောင်မိုက်ပြီး မိုးသားတွေ တရိပ်ရိပ်တက်နေသည်။ ရေငွေ့နံ့သက်သော လေအေးများကလည်း လှည်းယာဉ်ပြတင်းပေါက် နှင့် နံရံ အဆက်ကြားတို့မှ ဝေါခနဲ ဝေါခနဲ အတင်းတိုးဝင်လျှက်ရှိသည်။နေဝင်ပြီဖြစ်သောကြောင့် ပတ်ဝန်းကျင်က အုံ့ဆိုင်းမှောင်မိုက်နှင့်ပြီဖြစ်သည်။ တောကြီးမျက်မည်း ထဲတွင်မို့ အလိုလျှောက် နက်ရှိုင်းစွာမှောင်မိုက်လေပြီ။

ယနေ့ည မိုးကောင်းပေတော့အံ့။

ခွပ်. .ခွပ်.. ခွပ်. .ခွပ် (မြင်းခွာသံများ)

သူတိုးသမီးကို သယ်ဆောင်လာသော လှည်းယာဉ်တန်းက တောင်ခါးပန်းတလျှောက်ကို စီတန်း၍ သွားနေကြသည်။

သူတို့ရဲ့ခြေလှမ်းများက ဆိုးရွားသောရာသီဥတုနှင့် ကြမ်းတမ်းသော ရေခံမြေခံကို ဆန့်ကျင်ကာ ချီတက်နေကြသည်။

မြင်းတွေကို အရှိန်အဟုန်ဖြင့် ဆိုင်းပြင်းရင်း ညည့်နက်သည်အထိ မရပ်မနားဘဲ ခပ်သွက်သွက် ခရီးနှင်လျှက်. .၊

လေကအတိုက်ကြမ်းသောကြောင့် အချို့သော မြင်းသည်တော်များ၏ လက်ထဲမှ မီးတုတ်များပင်လျှင် ငြိမ်းအေးကုန်ကြလေသည်။

သို့သော် ခရီးကြမ်းက အရှိန်လျော့၍ မဖြစ်

သည်ဝေါယာဉ်အတွင်းပါလာသော ပဉ္စဝဒီရာသူတိုးသမီးကို ဥတ္တရာပမင်းနေပြည်တော်သို့ မနက်ဖြန်မိုးသောက် အမှီဝင်ရောက်ပြီး နန်းတော်သို့ အရောက်ဆက်သနိုင်ရန်မှာ အလွန်တရာမှ အရေးကြီးလှပေသည်။

အဘယ်ကြောင့်ဆိုသော် . . . .

ဥတ္တရာပတိုင်းတွင် မကြာသေးမှီကမှ မင်းလောင်းအသစ်ပေါ်ပေါက်လာခဲ့ပြီ၊

မင်းလောင်းပေါ်သည် ဆိုသည့်နှင့် နန်းတက်ဘိသိတ်ခံယူပွဲကို နောင်သတင်း ၇ပတ်အတွင်း ကျင်းပတော့မည်ဖြစ်သည်။ ထိုဘိသိတ်ပွဲခံယူရန် မင်းကြီးတွင် ကြင်ယာတော် မရှိသေးပါ။

လူသူလက်နက်၊ ငွေကြေးဓနအင်အား အလုံးအရင်းဖြင့် မင်းနေပြည်တော်သစ် တည်ထောင်လာသော ဥတ္တရာပမင်း၏ ဘုန်းကျက်သရေက အတိုင်းတိုင်းအပြည်ပြည်အထိ ခန့်ညားပျံ့နှံ့နေသည်မို့ မိဖုရားအဖြစ်သို့ လာရောက်ယှဉ်ပြိုင်ကမ်းလှမ်းလိုသူ အလွန်များပြားလှပေသည်။

ကျွန်မယောကျ်ား သိကြားသားတော် - Completed (Unicode+Zawgyi)Where stories live. Discover now