အပိုင်း (၃) ပြန်ပေးပါ

3K 78 0
                                    

နယ်စားမင်း၏ ပင်မဆောင်မှာ နှစ်ဧကမျှကျယ်ဝန်းသော နှစ်ထပ်ဆောင် အဆောက်အဦးကြီး ဖြစ်သည်။

 အဆောက်အအုံ၏ အပြင်ပိုင်းကိုအလှဆင်ထားသော ပန်းရံ၊ ပန်းပွတ်အနုစိတ်များက လက်ရာမြောက်လှသည့်အပြင်၊ အတွင်းပိုင်း နံရံများကိုလည်း ရွှေချည်ထိုးဖျင်စများ၊ ပန်းချီကားများ၊ ပန်းဆိုင်းများဖြင့် အလှဆင်ထားသည်။ ထိုသို့လွန်ကဲစွာ ခန့်ညားပြင်ဆင်ထားခြင်းများသည် နယ်စားမင်း၏ ကြွယ်ဝချမ်းသာမှုကို ကိုယ်စားပြုရန် ဖြစ်သည်။

အိမ်၏အရှိန်အဝါကို ကြည့်ရုံမျှဖြင့် မာဘိတ္တနယ်စားမင်း၏ ပကာသနအပေါ် ဆာလောင်တက်မက်မှုကို အတိုင်းသားသိမြင်နိုင်ပေလိမ့်မည်။

ဧည့်ဆောင်တော်ထဲကို ဝင်လိုက်သည်နှင့် သူမနှာခေါင်းထဲကို နံသာဆီရနံ့က ဝင်ရောက်လာသည်။ ခန်းမထိပ်တွင် ကတ္တီပါစခင်းထားသော သလွန်၃ခုရှိပြီး မာဘိတ္တနယ်စားမင်းက အလယ်တွင်ရှိသော သလွန်တော်တွင်ထိုင်နေပါသည်။ ဘေးတစ်ဖက်တစ်ချက်မှ သလွန်နှစ်ခုပေါ်တွင် ကိုယ်လုပ်တော် မယ်စံဝါနှင့် မယ်သင်ယုတို့ ထိုင်နေကြပါသည်။

ယင်းတို့နှစ်ဦးအနက်တွင်မှ မယ်စံဝါမှာ မာဘိတ္တနယ်စားမင်း အရေးအပေးခံရဆုံးသူဖြစ်ပြီး၊ မယ်သင်ယုကတော့ မယ်စံဝါကို မျက်နှာလိုမျက်နှာရ လိုက်ကပ်ဖားပြီး နေရာဝင်ယူနေသူ တစ်ဦးပင်ဖြစ်ပေသည်။

ဝဒီရာက ကော်ဇောပေါ်တွင် မတ်တပ်ရပ်ကာ ခေါင်းငုံ့ပြီး လက်အုပ်ချီလျှက်

'ချစ်လှစွာသော ကျေးဇူးရှင် ခမည်းတော် နဒီဝေလသခင်ကြီး ဦးမာဘိတ္တကို သမီးတော် ပဉ္စဝဒီရာမှ ရိုသေစွာ ဂါရဝပြုပါတယ် ဘုရား'

"အိမ်း. . . သမီးတော် ဝဒီရာ. . ၊ အသင့်ကို ခိုင်းစရာရှိလို့ ငါထံ ဆင့်ခေါ်ခိုင်းလိုက်ရတာပဲ ဖြစ်တယ်။" (နယ်စားမင်းအသံက အထက်စီးဆန်ဆန် သြဇာသံပြင်းပြင်းဖြင့်)

ဝဒီရာက မျက်ခုံးတစ်ဖက်ကိုပင့်ကာ သူတို့ကို ကြည့်လိုက်သည်။ သူမ၏မျက်လုံးထဲတွင်တော့

• ရွှေရောင်ချီးပုံကြီး = ရွှေရောင်ပိုးထည်ဝမ်းဆက်ကြီး ဝတ်ထားသော နယ်စားမင်း• ချီးစားခွေးမ = သူမဘဝမြင့်မားဖို့အတွက် လိုအပ်ရင် ချီးပုံကြီးကိုတောင် လျှာနဲ့ယက်ဆိုယက်မယ့် ကိုယ်လုပ်တော် မယ်စံဝါ• ကျီးမဲမ = ကပ်မြှောင်စားသောက်တတ်ပြီး၊ အနေအစားချောင်ရဖို့ အထက်ဖား အောက်ဖိ၊ အာကျယ်တတ်သော ဖျင်လည်းခံ ကျွန်လည်းခံတဲ့ မယ်သင်ယု

ကျွန်မယောကျ်ား သိကြားသားတော် - Completed (Unicode+Zawgyi)Donde viven las historias. Descúbrelo ahora