အပိုင်း (၅၀) မိဖုရားတိုက်ပွဲ

2.2K 159 33
                                    

မိုးရွာလိုက်နေပူလိုက်နှင့်မို့ အဆောင်တော်အတွင်းရှိ မိဖုရားပြိုင်ပွဲဝင်အချို့နှင့် မောင်းမမိတ်သံတို့ ဖျားနာကြလေသည်။ နန်းတော်ရာဝယ် မိုးကစွေစွေနှင့် အဖျားတာရှည်ကြသလို၊

မာယာနတ်ရှင်၏ မယ်ဝဒီအပေါ်ထားရှိသော အညှိုးအတေးကလည်း တစ်နေ့တစ်ခြား ပိုမိုကြီးမားလာလေ၏။

= = = = =

= = = = =

နောက်ဆုံးပြိုင်ပွဲကြီးမလာခင် တစ်ခုသောကြားကာလတွင်ဖြစ်သည်။

ပြိုင်ပွဲဝင်တို့ နေ့စဉ်ဆုံတွေ့ရသော ပွဲတော်တည်ခန်းမအတွင်းဝယ်. . .

မယ်ဝဒီ ပွဲတော်အုပ်သုံးဆောင်နေခိုက် အပျိုတော်မိန်းမပျိုတစ်ဦး သူမအနားသို့ချည်းကပ်လာခဲ့သည်။

ထိုအပျိုတော်မိန်းကလေးမှာ မယ်ဝဒီအတွက် လူစိမ်းတစ်ယောက်မဟုတ်ပေ။

နှစ်လိုဖွယ်ရာမျက်နှာ၊ ယဉ်ကျေးသောအမူအရာနှင့် ချိုသာသောစကားကို ဆိုတတ်သော ခင်နှင်းကြည်ဖြူ ဆိုသည့်မိန်းကလေးပင်ဖြစ်လေသည်။

ခင်နှင်းကြည်ဖြူမှန်း မယ်ဝဒီတို့မြင်မြင်ချင်း တန်းမမှတ်မိနိုင်သေးပေ၊ အဝတ်အစား အဆင်တန်ဆာတို့က ထီးဟန်နန်းဟန်တို့ဖြင့် ပြင်ဆင်ခြယ်သထားပြီး အရင်ကထက် ပိုမိုလှပနေခြင်းကြောင့်ဖြစ်သည်။

"ဒီမယ်. . . အသင်က. . . မမလေး ပဉ္စဝဒီရာပါနော်"

မယ်ဝဒီက သူမကိုမော့ကြည့်လိုက်ပြီး

'ဟုတ်တယ်။ အသင်ကရော ဘယ်သူလဲ။ ဘာအရေးကိစ္စရှိလို့လဲ'

"ကျွန်တော်မျိုးမက ဒီနန်းတော်ထဲက ပြိုင်ပွဲဝင် မင်းသမီးလေးတစ်ပါးဆီမှာ အပျိုတော်အဖြစ် ခစားနေရသူပါ"

သူမ၏အသံကိုနားထောင်ပြီး ပြောပုံဆိုပုံများကို မြင်တော့မှ သရက်သီးသည်မမှန်း တန်းသတိရသွားလေသည်။

'နင်. . နင်. .ခင်နှင်းကြည်ဖြူမှတ်လား'

သူမက ရယ်လျှက်

"အဟင်း ဟင်းဟင်း. . သြော်. .. ရှင်ကမှတ်မိသားပဲ။

ဒါနဲ့ . . ရှင်က မမလေးပဉ္စဝဒီရာဆိုတာ သေချာပါတယ်နော်၊ ကျွန်မကရှင့်ကို မိယွန်းဖြူထင်လို့"

ကျွန်မယောကျ်ား သိကြားသားတော် - Completed (Unicode+Zawgyi)Where stories live. Discover now