အပိုင်း (၂၂) Partner of Crime

1.6K 68 10
                                    

ဗလက သက်ပြင်းကြီးတစ်ချက်ရှုထုတ်ရင်း တံတွေးမျိုချလိုက်ပြီး

"ခင်ဗျားမို့ဗျာ. . . ဒီလောက်စံအိမ်တော်ကြီးထဲမှာ အိမ်ကြီးသူအဖြစ်စံစားပြီး၊ အိမ်ရှေ့စံနဲ့လက်ဆက်ခါနီးမှ ဘာလို့ထွက်ပြေးတာတုန်း"

မယ်ဝဒီက အနည်းငယ်ဝမ်းနည်းသွားသည့်ဟန်ဖြင့်

'ကျွန်မလည်း အဲလောက်ကောင်းတဲ့ဘဝကြီးကို ဘယ်လက်လွှတ်ချင်ပါ့မလဲ. . .၊ ဒါပေမယ့် ရှင်နားမလည်နိုင်တဲ့ အကြောင်းတွေရှိတယ်'

"ဟုတ်တယ်လေ. . .အာ့ကြောင့်မို့ နားမလည်လို့မေးတာပေါ့"

'ကျွန်မအတွက် ပြောပြဖို့ ခက်ခဲမယ်ဆိုရင်ရော'

ဗလက နူတ်ခမ်းရွဲ့ကာ မျက်နှာကိုတစ်ဖက်သို့လှည့်သွားပြီး

"ရပါတယ်ဗျာ. . . သိပြီးသားပါ။ ဘယ်တော့မှကျုပ်ကိုအမှန်အတိုင်းပြောဖို့ စိတ်ကူးရှိတာမှ မဟုတ်တာ. . . မပြောချင်လို့မပြောတာကမှ အလိမ်အညာစကားတွေထက်စာရင် ပိုကောင်းသေးတယ်"

မယ်ဝဒီခမျာ ထိုအကြောင်းကိုပြန်စဉ်းစားလိုက်ရုံနှင့် မျက်ရည်များဝဲတက်လာပြီး ငိုသံကြီးဖြင့်. .

'ကျွန်မတကယ်ပြောနေတာ . . .ကျွန်မ. . ဟင့်ဟင့်ဟင့်. .' (ရှိုက်သံ)

ဗလမျက်လုံးပြူးပြီး မယ်ဝဒီကိုပြန်လှည့်ကြည့်လိုက်သည်။ သူမမျက်နှာအနားသို့ ဖြည်းဖြည်းချင်းကပ်သွားပြီး သေချာကြည့်လိုက်မိသည်။ တကယ်ကြီးမျက်ရည်တွေပါ ကျလာတာလားပေါ့. . .

ဟိုကလည်း ချက်ချင်းကြီး mood swing တာနော်. . ၊ နူတ်ခမ်းက တုန်တုန်တုန်တုန်. .၊ မျက်ရည်က စမ်းစမ်းစမ်းစမ်းနဲ့ . . .

'ကျွန်မအတွက် . . . အရမ်းကိုခက်ခဲနေလို့ပေါ့'

"အယ်. . . . အေးပါကွာ"

'ကျွန်မ. . .အဲ့နေရာကြီးကိုကြောက်လို့. .. အဲ့ဒီ့ အရည်းကြီးတွေရဲ့ ကျောင်းတိုက်ကြီးကိုကြောက်လို့'

"အင်းအင်း. . .သိပြီ သိပြီ. . တိတ်တော့နော်. . တိတ်တော့

တော်ကြာ အပြင်ကရဲမက်တွေကြားသွားရင် ခက်ကုန်အုံးမယ်"

ကျွန်မယောကျ်ား သိကြားသားတော် - Completed (Unicode+Zawgyi)Opowieści tętniące życiem. Odkryj je teraz