အပိုင်း (၄၆) မစားကောင်းတဲ့အသီး

2.1K 128 26
                                    

မထင်မှတ်ဘဲ တွေ့လိုက်ရသည့်မြင်ကွင်းက ဝတ်လစ်စလစ်ဖြင့် လုံးထွေးနေကြသော အရည်းကြီးတသိုက်. .

သူတို့၏အလယ်တွင် နှစ်နှစ်သက်သက်နက်နက်ရှိုင်းရှိုင်းကို ကာမဂုဏ်ခံစားနေသော စူဠနဒီမိဖုရား

အရည်းကြီးတစ်ယောက်ထဲနှင့်ပင် ပေါင်းသင်းဆက်လျက်နေခြင်းမဟုတ်ဘဲ၊ အရည်းကြီး ၃ယောက်ကို တပြိုင်နက်ထဲ ပေါင်းသင်းနေခြင်းမျိုး. . .

စူဠနဒီမှ ဟုတ်မှဟုတ်ပါလေစဟု. . မင်းကြီးလည်း ၂ကြိမ်လောက်သေချာပြန်ကြည့်မိသည်။ မင်းကြီးလည်း မထင်မှတ်ဘဲ တုန်လှုပ်ခြောက်ခြားသွားရသလို၊ မယ်ဝဒီတို့လည်း ယုန်ထောင်ကြောင်မိ ဖြစ်ပြီး မင်းကြီးကိုမျက်နှာပူရချေပြီ။

ကိုယ်ရံတော်တပ်မှုးများက မျက်နှာတွေလွှဲပြီး မမြင်ချင်ယောင်ဆောင်ပေးလိုက်ကြသည်။ မယ်ဝဒီကလည်း မင်းကြီးကို ပုန်ကန်ရန်အစီအစဉ်ဟု ခေါင်းစဉ်တပ်ကာခေါ်လာခဲ့ပြီး တကယ်တမ်းကျမှ မိဖုရားဖောက်ပြန်တာကို မီးမောင်းထိုးပြလိုက်သလို ဖြစ်ချေပြီ။

>>ဒါကြီးကတော့ တကယ်မရည်ရွယ်ပါဘူးဟယ်. . . မတော်တဆ တမင်တကာကြီး ဖြစ်သွားတာပါ။ ဘယ်လိုလုပ်ရမလဲ မင်းကြီးကို လုပ်ကြံဖို့ကိစ္စလည်းမဟုတ်ဘူး။ ပရောဟိတ်ကြီး ပြောတော့ မင်းကြီးမှာအသက်အန္တရာယ် ကျရောက်ကိန်းရှိတယ်ဆို . . အဲတာနဲ့ ဒီအရည်းကြီး ကျောင်းတော်ကလည်း မရိုးသားတဲ့လှုပ်ရှားမှုတွေရှိနေချိန်နဲ့ကွက်တိဆိုပြီး မင်းကြီးကိုခေါ်လာခဲ့တာ<<

မယ်ဝဒီတွေးနေစဉ်မှာပင်. .၊ မင်းကြီးက မအောင့်နိုင်တော့ဘဲ ထအော်လေသည်။

"သယ်. . .ဆန်ကောလောက်မှ ဇောက်မနက်၊ ပက်စက်ကြံစည် ဖောက်ဖျက်ပွေလီလို့ ခွေးဇာတ်တွေခင်းနေကြပြီပေါ့လေ. . မင်းချင်းတို့. . ."

'ဘုရား'

"မိန်းမယုတ် စူဠနဒီနှင့်တကွ. . ပေါင်းသင်းနေကြတဲ့အရည်းကြီးတွေကို အကုန်ဖမ်းကြစမ်း"

'အမိန့်တော်မြတ်အတိုင်းပါ'

"အရည်းကြီးတွေ တစ်ယောက်မှမလွတ်စေနဲ့. . ."

ကျွန်မယောကျ်ား သိကြားသားတော် - Completed (Unicode+Zawgyi)Where stories live. Discover now