အပိုင်း (၂၅) လိုသုံး

1.7K 68 3
                                    

ခင်တန်းမြိုင်ရွာကလေးသည် နဒီဝေလပြည်နှင့် အနီးဆုံးသောရွာကလေးဖြစ်ပါသည်။ အောက်ပြည်အောက်ရွာမှ ကုန်သည်များအထက်အညာသို့ ကုန်ကူးရန်တက်လာသည့်အခါ တကောင်းပြည်နှင့် နဒီဝေလပြည်တို့၏လမ်းခွဲ၌တည်ရှိသော ချောင်းခွဆုံတွင် ရွာတည်ထားခြင်း ဖြစ်ပါသည်။

ကုန်သည်အများစု ခရီးတထောက်နားစခန်းအဖြစ် အသုံးပြုကြရာမှ တဖြည်းဖြည်းဈေးသည် ဆိုင်ခန်းတို့ဖြင့်စည်ကားလာရာ ရွာငယ်ကလေးတစ်ခု အဖြစ်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်လေသည်။ ခရီးသွားတို့ လမ်းတွင်အသုံးပြုရန်လိုအပ်သော ပစ္စည်းအမျိုးမျိုးကိုလည်း ရောင်းချသလို၊ လေးနှင့်မျှား၊ မှိန်း၊ကျော့ကွင်း၊သံပချုပ်စသည့်အမဲလိုက်ပစ္စည်းများနှင့်ရိက္ခာခြောက်မျိုးစုံကိုလည်းရောင်းချပါ သေးသည်။

မယ်ဝဒီတို့နှစ်ယောက် အပေါင်ဆိုင်ငယ်လေးတစ်ခု အတွင်းမှထွက်လာကြသည်။ သူ့မယ်မယ်၏နားကဒ်တစ်ဖက်ကို နောက်ဆုံးသတ္တိရှိရှိဖြင့် အပေါင်ဆိုင်တွင် ပေါင်လိုက်ရသည်။ ရလာသော အဿပြာကြေးပြားများကို လက်ထဲမှာအကြိမ်ကြိမ်ရေတွက်ရင်း သက်ပြင်းချမိသည်။


>>ဟူး. . . မတတ်နိုင်ဘူးလေ၊ နောက်ထပ်တစ်လကျော်လောက် ခရီးဆက်ရမယ့်အရေးအတွက် လက်ထဲမှာငွေတိုငွေစက လိုကိုးလိုတာ. .<<

ထို့နောက် ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချလိုက်ပြီး၊ မယ်ဝဒီက ဗလဘက်သို့လှည့်ကာ. .

'ကဲ. . ကိုဗလကြီး ရော့ဒီမှာ ကြေးပြားအချို့ယူချေ၊ အချိန်မရှိဘူး မကြာခင်မှောင်တော့မယ်။ ကျမဒီမှာလုံချည်ဝယ်နေလိုက်အုံးမယ်၊ ရှင်လည်းတစ်လစာ စားနပ်ရိက္ခာဝယ်လာခဲ့'

"ဟုတ်ကဲ့ မမလေး. . ."

ဗလကကြေးပြားအချို့ကိုယူ၍ မယ်ဝဒီနှင့် လူချင်းခွဲလိုက်ကြသည်။ အခြားလူစိမ်းများရှိသည် ဖြစ်သောကြောင့် ဗလကတော့ သူ့ရဲ့ဝတ်ရုံကြီးကို ထုံးစံအတိုင်းခေါင်းမြီးခြုံထားပါသည်။ ဝတ်ရုံတကားကားနှင့် ထွက်သွားသည်နှင့် မယ်ဝဒီလည်း တဖက်ရှိ အထည်ဆိုင်တန်းများဆီသို့ လျှောက်လာခဲ့လိုက်သည်။

ကျွန်မယောကျ်ား သိကြားသားတော် - Completed (Unicode+Zawgyi)Opowieści tętniące życiem. Odkryj je teraz