အပိုင်း (၄၅) ဒဏ်ရာဟောင်း

2.1K 102 12
                                    

မပူသေးသော နွေမနက်ခင်းတစ်ခုဝယ် မာဘိတ္တအိမ်တော်၏ အနောက်ဘက်တွင်ရှိသော ပန်းပဲဖိုရှိရာသို့ မယ်ဝဒီ၏ခြေလှမ်းများ ဦးတည်မိလေသည်။ ခြောက်သွေ့သောလေပွေတို့က သစ်ရွက်ခြောက်တို့ကိုဝှေ့ရင်းဝိုက်ရင်း မြေပြင်ဆီတွန်းကန်ရှပ်ထိုးကုန်ကြသည်။

မြေတလင်းဖြူဖြူမှာ ကျဲပြန့်နေတဲ့သစ်ရွက်ခြောက်တွေကို တကြွပ်ကြွပ်နင်းမိရင်း သူမရဲ့ခြေလှမ်းတို့က ပန်းပဲဖိုရှေ့ကို ရောက်ခဲ့ပါပြီ။

သစ်သားတံခါးကိုတွန်းမဖွင့်လိုက်မှီမှာပင် သူမခြေလှမ်းတို့ရပ်တန့်သွားခဲ့သည်။ ပန်းပဲဖိုထဲမှ သံထည်တွေထုသံရိုက်သံက ခါတိုင်းလောက်မကျယ်တော့ပေမယ့် အပြင်အထိတော့ ကြားနေရသည်။

အချိန်တိုင်းဆူပွက်လောင်မြိုက်နေသော သံရည်ကျိုမီးဖို၊ ပြုတ်တူတွေ၊ တူရွင်း စသည့် ပန်းပဲဖိုမှ ပစ္စည်းများနှင့် သံထည်တွေကိုထုရိုက်သံတွေ ကြားနေရသည်နှင့် ရေတံခွန်ကြီးအနီးက ကိုဗလ၏အလုပ်ခန်းလေးကိုလည်း ပြန်သတိရသည်။

>>ပန်းပဲဖိုထဲကို မဝင်ရဲဘူး၊ . . ကျွန်မဝင်သွားဖို့ သတ္တိမရှိဘူး။ ကိုဗလရဲ့အကြောင်းတွေကို ပြန်သတိရလာတော့မယ့် ကျွန်မရဲ့မှတ်ဉာဏ်တွေကို ရင်ဆိုင်ဖို့ ကျွန်မမှာ သတ္တိမရှိသေးဘူး. .

အချိန်တွေသာကုန်သွားတယ်၊ စိတ်ကအဆင်သင့်မဖြစ်နိုင်သေးပါဘူး ကိုဗလရယ်

အကယ်၍များသာ ကျွန်မဝမ်းထဲမှာ ဒီကလေးလေးမရောက်လာခဲ့ဘူးဆိုရင်

ကျွန်မလည်းကြိမ်းသေ ကိုဗလနောက်ကို လိုက်လာခဲ့မိမှာပါပဲ

သြော်. . .ကိုဗလရေ . . ကိုဗလရဲ့. . .. ဒီနေရာလေးမှာ ကိုဗလ အကြာအလုပ်လုပ်ခဲ့ဖူး၊ နေခဲ့ဖူးမှာပဲနော်. .

ရှင့်ရဲ့ခြေရာတွေလည်း ထပ်နေခဲ့မှာပဲ. .

အခုအထဲကိုမဝင်ရသေးခင်မှာတင် ရှင်နဲ့စတွေ့ခဲ့တုန်းကအကြောင်းတွေကို ပြန်မြင်ယောင်နေပြီ။ကျွန်မလေ. . . ငယ်ငယ်ထဲက ဒီပန်းပဲဖိုနဲ့နီးနီးလေးမှာ နေခဲ့တာကို၊ အိမ်နိမ့်ဆောင်ကနေ ဘာလို့ ရှင့်ဆီကိုမလာခဲ့မိတာလဲမသိဘူး. . .

ကျွန်မယောကျ်ား သိကြားသားတော် - Completed (Unicode+Zawgyi)Opowieści tętniące życiem. Odkryj je teraz