အပိုင်း (၁၈) Inferior Complexity is worse than Cancer

1.9K 63 3
                                    

"ဝဒီရာ. . ."

နယ်စားမင်း၏ ဒေါသသံ

ဝဒီရာဟု ခပ်မာမာခေါ်လိုက်သောအသံကြောင့် သူမတစ်ချက်တွန့်သွားသည်။

မြင်းပေါ်က သူမဆင်းလိုက်သည်နှင့်

ဖြန်း. . (ပါးရိုက်သံ)

မယ်ဝဒီက ပူနွေးသွားသောပါးတစ်ဖက်ကို လက်ဖြင့်ကိုင်ရင်း

'သမီးပြောတာ နားထောင်ပါအုံးခမည်းတော်'

ဖြန်း (ပါးရိုက်သံ)

ပါးနောက်တစ်ဖက် ထပ်အရိုက်ခံလိုက်ရလေသည်။

"ခွေးမ. . . နင်က ဒီလောက်အရေးကြီးချိန်ရောက်မှ ညနက်အောင် ဘယ်တွေသွားနေရတာလဲ. . "

အနောက်မှာလည်း မယ်မယ်နဲ့အတူ အခြားကိုယ်လုပ်တော်တွေ. .၊ ကျွန်တွေ. . ရောက်နေကြသည်။ မယ်မယ်က ဘာမှဝင်မပြောနိုင်ပေမယ့်. . မျက်နှာတော်တော်မကောင်းပေ။ ဘေးနားက ကိုယ်လုပ်တော် မယ်စံဝါနှင့် မယ်သင်ယုက ကျွန်မပါးအရိုက်ခံရလို့ ဝမ်းသာနေလိုက်တဲ့မျက်နှာထား. .၊ သူတို့ကတော့ သူတို့ရဲ့မနာလိုစိတ်တွေကို ဖုံးကွယ်ထားဖို့အစီအစဉ်မရှိသူမို့ ဝမ်းသာအားရ အရောင်တွေလက်နေတဲ့ မျက်လုံးတွေနဲ့. . .

သူတို့ခြေရင်းမှာ ငစောထူးနဲ့ မိယွန်းဖြူတို့က ဒူးလေးတွေ ထောက်လျှက်သား. . ၊ အရိုက်အနှက် အထုအထောင်းခံထားရပုံရပါတယ်လေ. . ။

'သမီးတော်. . သမီးတော်ရဲ့ ပတ္တမြားဆွဲကြိုးကို သူများခိုးယူသွားလို့ ပြန်လိုက်တောင်းနေရတာပါ ခမည်းတော်. . '

နယ်စားမင်းက တင်းမာခတ်ထန်နေသောမျက်နှာထားဖြင့် အိမ်ထဲကိုပြန်ဝင်ရန် လှည့်သွားပြီး

"ကဲ. . မင်းတို့ဘာလုပ်နေကြတာလဲ။ သူ့ကိုအိမ်ထဲခေါ်သွားကြတော့လေ၊ မနက်ဖန် ပန်းဦးလွှတ်ပွဲကို ဆက်ဖို့အဆင်သင့်ဖြစ်အောင် ပြင်ဆင်ကြတော့"

ပန်းဦးလွှတ်ပွဲဆိုသည့်အသံကို ကြားလိုက်ရသည်နှင့် မယ်ဝဒီတစ်ယောက် ပြာယာခတ်သွားသည်။

'ခဏနေပါအုံး ခမည်းတော်. . ၊ ခဏနေပါအုံး'

နယ်စားမင်းက မျက်မှောင်ကြုံ့၍ နောက်သို့လှည့်ကြည့်လိုက်ပြီး

ကျွန်မယောကျ်ား သိကြားသားတော် - Completed (Unicode+Zawgyi)Donde viven las historias. Descúbrelo ahora