အပိုင်း (၄) နန္ဒစည်သူ

3K 67 0
                                    

>>အိမ်ရှေ့စံ နန္ဒစည်သူ သက္ကာဝေဒိရ မင်းသား ???<<

ဝဒီရာ အတန်ငယ် ဆွံ့အသွားသည်။ သူမကို လက်ဆက်ဖို့ ကမ်းလှမ်းတဲ့သူက အိမ်ရှေ့စံမင်းသား တဲ့လား။

'နန္ဒစည်သူ. . .' (သူမ ပါးစပ်မှ ယောင်၍ ရေရွတ်မိလေသည်)

သက္ကဒါဝီတိုင်း၏ မင်းနေပြည်တော်၌ ပြည့်ရှင်မင်းကြီး နာမကျန်းဖြစ်နေပြီး အိမ်ရှေ့စံ နန္ဒာစည်သူကို ထီးနန်းအရိုက်အရာကို ခံယူရန် စီစဉ်လျှက်ရှိကြသည်မှာ အားလုံးအသိပင်ဖြစ်သည်။

ထို့အပြင် မင်းကြီးနတ်ရွာစံသည်နှင့် ငယ်ရွယ်သော အိမ်ရှေ့စံကိုနန်းတင်ရန် အိမ်ရှေ့စံကြင်ယာတော် မိဖုရားလောင်းကိုပါ ကြိုတင်ရှာဖွေနေကြသည်။

"သိပ်လည်း ဘဝင်မြင့်မနေပါနဲ့ ဝဒီရာ၊ ပုဏ္ဍားပရောဟိတ်များ နှင့် ရှင်အရည်းကြီးဟောင်း၏ ဟောကိန်းများကြောင့် အသင်က အိမ်ရှေ့စံကြင်ယာတော်အတွက် လျာထားသော စာရင်းမှာ ထိပ်ဆုံးက ပါဝင်လေတာပေါ့

သို့ပေမယ့် တော်ဝင်နန်းတော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ အိမ်တွင်းမှုကျောင်းတော်စာမေးပွဲမှာ ဘက်စုံပထမရတဲ့သူကို ရွေးကောက်တော်မူမည်လို့ ကျောင်းတော်ကို လာကမ်းလှမ်းထားပါတယ်။

ဒါကြောင့် အသင် ပထမဆုရကိုရရမှာ ဖြစ်တယ်။

ဟတ်. .."

နယ်စားမင်းက ခနဲ့သလိုလိုနှင့် ရယ်လိုက်ပြီး

"မထင်မှတ်ဘဲ အဓိပ္ပာယ်မရှိတဲ့ ယုံတမ်းဗေဒင်ဟောစတမ်းတွေက ဒီလောက်ထိ အသုံးဝင်လာလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ"

= = = = =

နောက်တစ်နေ့ နံနက်တွင်

အိမ်တွင်းမှုကျောင်းတော်ရှေ့သို့ ဦးမာဘိတ္တအိမ်တော်မှ ရတနာလှည်းယာဉ်က ခန့်ညားစွာ ဆိုက်ရောက်လာလေသည်။ ဝဒီရာက လှည်းအတွင်းမှ ဆင်းလာသည်ကို သူမ၏အစေခံ မိယွန်းဖြူက လက်ကမ်း၍ အောက်သို့ခေါ်ယူပေးရသည်။ ဝဒီရာက ကျောင်းပရဝံကို ယုံကြည်ချက်ရှိရှိ ကြည့်၍ပြုံးရင်း ကျောင်းအတွင်းသို့ ဝင်လာလေသည်။

ကျွန်မယောကျ်ား သိကြားသားတော် - Completed (Unicode+Zawgyi)Onde histórias criam vida. Descubra agora