အပိုင်း (၃၃-ခ) Third Wheel

2K 78 8
                                    

နောက်ဆုံးတော့ သာယာမြိုင်ပြည်ကဈေးထဲမှာ ကုန်ပစ္စည်းတွေတင်ရောင်းမယ့်နေ့ကို ရောက်လာကြပါပြီ။ ကိုဗလကြီးနဲ့ မယ်ဝဒီတို့ ကြားထဲက အစိုင်အခဲက မပြေသေးတဲ့အပြင် တစ်ဆတစ်ဆ ပိုမိုဝေးကွာလာကြသလို ဖြစ်နေကြပါသည်။

ဆိုင်ခန်းလွတ်တစ်ခန်း၏ရှေ့တွင် သူတို့နှစ်ယောက်အတူတူရပ်နေကြသည်။ ဈေးကတော့ ဖြတ်သွားဖြတ်လာ လူတွေအများကြီးနှင့် အင်မတန်စည်ကားလှပါသည်။ ဗလက တကိုယ်လုံး ဝတ်ရုံခြုံထားပြီး မျက်နှာကိုလည်း အဝတ်ပတ်ကာ မျက်လုံးလေးသာဖော်ထားရရှာသည်။

မယ်ဝဒီက ကိုဗလကြီးမျက်နှာကို ဝယ်သူတွေမြင်ရင်လန့်ပြေးကုန်မှာစိုးလို့လို့ ပြောထားလို့ သူ့ခမျာ ခေါင်းမြီးခြုံကုလားမလို နေနေရရှာလေသည်။

မယ်ဝဒီနှင့် သူတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ. .

"မမလေး. . ဒီနေရာလေးကို တစ်ရက်ငှားခ ကြေးပြားတစ်ပြားပေးရတယ်ဆိုတော့ မများလွန်းဘူးလား"

'အေး. . . ကြေးပြားတစ်ပြားပေးလိုက်ရတာ အရေးမဟုတ်ဘူး။ နေရာကကျဉ်းရတဲ့အထဲ ဆိုင်နောက်မှာ သစ်ပင်အကြီးကြီးခံနေတာက ဘယ်လိုမှအဆင်မပြေတာ. .'

"ဟုတ်တယ်. . ကျုပ်တို့ကို တနယ်တကြေးကလူတွေဆိုပြီး ညှပ်ချလိုက်ပြီထင်တယ်"

'အင်း. . . ကျွန်မတို့ဆီက ပိုက်ဆံတွေအများကြီးယူပြီး ဘယ်သူမှ မလိုချင်လို့ကျန်နေတဲ့ နေရာကို ပေးလိုက်တာ. . ဒီလူတွေ တော်တော်လူပါးဝတယ်၊ ကိုဗလကြီး ပစ္စည်းတွေစောင့်ရင်းခဏနေခဲ့အုံး ကျွန်မ အဲ့ဒီ့ဈေးခေါင်းဆိုတဲ့လူနဲ့ သွားရှင်းမယ်'

"ဖြစ်ရဲ့လား. . .ကျုပ်လိုက်ခဲ့ပေးရမလား"

'မလိုပါဘူး. . .နေခဲ့ပါ'

မယ်ဝဒီတစ်ယောက် လူအုပ်ကြားထဲမှ တိုးဝှေ့ရင်း ပျောက်ကွယ်သွားလေသည်။ ဗလလည်း သူ့ကျောကုန်းပေါ်က ပစ္စည်းထုပ်ကြီးကို ကျောကုန်းပေါ်ကနေ ဆိုင်ခင်းရမည့်စားပွဲလေးပေါ်သို့ လွှဲကာပစ်တင်လိုက်သည်။

'အမလေး သေပါပြီ' (မိန်းကလေးတစ်ယောက်အသံ)အနောက်ကိုလှည့်ကြည့်လိုက်တော့ မိန်းကလေးတစ်ယောက် သရက်သီးတောင်းကြီးမှောက်ပြီး မြေပေါ်မှာလဲကျနေလေသည်။ ကောင်မလေးက အရွယ်ငယ်ငယ် ဖြူဖြူသွယ်သွယ် ချောချောလှလှလေး. .

ကျွန်မယောကျ်ား သိကြားသားတော် - Completed (Unicode+Zawgyi)Where stories live. Discover now