အပိုင်း (၄၄) ပန်းနုသွေး

2.2K 103 20
                                    

သက္ကဒါဝီတိုင်းတွင်ဖြစ်သည်။
.

နေကမွန်းလွဲလာပြီမို့ အပူဓါတ်တို့တဖြည်းဖြည်းစုမိကာ ပူသထက်ပိုပူပြင်းလာသည်။ နေပူလာသည်နှင့် အမျှ. . အသားတွေကလောင်၊ ချွေးကလည်းပိုမိုကျဆင်းလာပြီ။

မာဘိတ္တအိမ်တော်မှရဲမက်များက အတိုင်းထက်အလွန်ပင် စိတ်ရောလူပါ သည်းခံနိုင်စွမ်း ကုန်ခမ်းလာကြပြီ။ မြို့လည်ခေါင်. . လူကများများ၊ နေပူရသည့်ကြားထဲ စောင့်ခိုင်းထားသည့် ဆုပေးပွဲစင်က အမိုးအကာမရှိ အရိပ်အာဝါသမရှိသော နေရာလွတ်မှာ ထီးထီးကြီးတွေရပ်လို့ . .

နဖူးကချွေးခြေမကျရုံတင်မကဘူး၊ ခြေထောက်အောက်က မဏ္ဍပ်စင်သစ်သားတောင် ချွေးတွေအကွက်လိုက် စိုလာတဲ့အဆင့်ပါရောက်နေသည်. .

ရဲအုပ်ဖိုးတုတ်က အိမ်တော်ထိန်းကို စိတ်မရှည်သောလေသံဖြင့်. .

'မလာသေးဘူးလားဗျ. .ခင်ဗျားတို့မမလေးက'

"ဟ. . လာမှာပေါ့. . ၊ ဒီနေ့ မမလေးက အရေးကြီးကိစ္စနဲ့ နန်းတွင်းကိုဝင်ပြီး မင်းကြီးကို သွားဖူးနေရပါတယ်ဆိုမှ. . . ဒီလောက်တော့စောင့်ရမှာပေါ့"

'ဒီမှာ ပူလှပြီဗျ. .၊ ကျုပ်တို့ကို မလာလည်းမလာသေးဘဲနဲ့ဗျာ၊ မလာသေးရင်လည်း အရိပ်ထဲတော့ ပေးဆင်းလေ။ ခုတော့ ဆုပေးစင်ပေါ်မှာ အခြောက်တိုက်နေလှမ်း ထားရသလိုဘဲ'

"အေး. . . ရတယ်လေ၊ ဆုမလိုချင်လည်း ဆင်းသွားကြ. .၊ မြို့စားမင်းက မှာထားတယ် ဆုမလိုချင်တဲ့ကောင် စင်ပေါ်ကဆင်းသွားလို့ရတယ်တဲ့။ ပြီးမှပြန်တက်လို့တော့မရဘူးတဲ့။ ဒါမင်းတို့ိရဲ့ သစ္စာရှိမှုကို စမ်းသပ်နည်းတစ်မျိုးပဲ. ."

'ဆုက သူလာပေးမှယူရမှာလား၊ အခုထဲက မြို့စားမင်းဖြစ်ဖြစ် အိမ်တော်ထိန်းကြီးကပဲ ဖြစ်ဖြစ် တစ်ယောက်ယောက်က ပေးလိုက်လို့ မရဘူးလားဗျ'

"ဟေ့. . . ဘာမှအထွန့်တက်မနေနဲ့. . မကျေနပ်ရင် . . ဆင်းချင်တဲ့ကောင်ဆင်းသွား .. ကျန်ခဲ့တဲ့ကောင်တွေ ဝေစုခွဲရ နည်းသွားတာပေါ့. ."

'ဟာ. . .မဆင်းပါဘူးဗျာ. . ၊ ဒီလိုလုပ်လို့တော့ဘယ်ဖြစ်မလဲ'

ရဲအုပ်ဖိုးတုတ်က ပြန်သာဖြေလိုက်ရသည်၊ ရင်ထဲမှာ အစာမကြေ..

ကျွန်မယောကျ်ား သိကြားသားတော် - Completed (Unicode+Zawgyi)Where stories live. Discover now