ဓနမြိုင်မိသားစု(စောင်းနှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး) .
နဒီဝေလမြို့တော်၏ မြို့လည်ခေါင်တွင် လူစည်ကားသော ဈေးဆိုင်ကြီးများစွာရှိသည့် လမ်းမကြီးတစ်ခုရှိလေသည်။ ထိုလမ်းမကြီး၏ အလယ်နေရာကောင်းတွင် ဓနမြိုင်အမည်ရှိသော ပထမတန်းစား စောင်းနှင့် ဆက်စပ်ပစ္စည်းများကိုရောင်းချသည့် ဆိုင်ကြီးတစ်ဆိုင် ခန့်ညားစွာတည်ရှိလေသည်။
ဆိုင်ကလည်း ထည်ဝါသည့်အလျှောက် ကုန်ပစ္စည်းအမယ်ကလည်း စုံလင်လှပေသည်။ အတိုင်းတိုင်းအနယ်နယ်မှ စောင်းပညာရှင်များအနေဖြင့် စောင်းပစ္စည်းများဝယ်ယူလိုသည် အလို့ငှာ ဓနမြိုင်ကို မလာမဖြစ်လာရောက်၍ မိမိအလိုရှိသည်ကို ရွေးချယ်ဝယ်ယူကြရလေသည်။
ထိုနေ့မနက်တွင်တော့ ပိုးချည်လုံးများရောင်းချသည့်အတန်းတွင် မယ်ဝဒီရောက်ရှိနေ၏။ နေ့လည်အခါတွင် ကျိတ်ကျိတ်တိုးအောင် ရောင်းချရသောဆိုင်ဖြစ်သောကြောင့် လူရှင်းသော မနက်အစောပိုင်း ဆိုင်ဖွင့်ဖွင့်ချင်းကို အရောက်လာခဲ့ခြင်းဖြစ်ပေသည်။
သူမ၏စောင်းကြိုး ပြန်လည်တပ်ဆင်ရန် ပိုးကြိုးကို စိတ်တိုင်းကျ ရွေးချယ်ချင်သောကြောင့် ဖြစ်သည်။ ပိုးတကာ့ ပိုးထဲတွင် ဇင်းမယ်ဒေသမှလာသော ပိုးချည်လုံးများက ဈေးအကြီးဆုံးဖြစ်သည်။ ဈေးကြီးသည့်အလျှောက်လည်း ပိုးကြိုး၏ အရည်အသွေးက အလွန်ကောင်းသောကြောင့် ဇင်းမယ်ဘက်မှ ကုန်စည်လှည်းများဆိုက်ရောက်သည် ဆိုသည်နှင့် လူအများက အလုအယက် ဝယ်ယူကြလေသည်။
ထိုပိုးချည်လုံးလေးတစ်လုံး၏ တန်ဖိုးမှာ မယ်ဝဒီ၏ မုန့်ဖိုးတစ်လစာနှင့် ညီမျှလေသည်။ သိပ်ရွေးချယ်စရာမကျန်တော့သော တောင်းထဲမှ ဇင်းမယ်ပိုးချည်လုံးတစ်လုံးကို မယ်ဝဒီတစ်ယောက် လက်နှစ်ဖက်နှင့် ယုယစွာကိုင်လိုက်သည်။
လက်များ တဆတ်ဆတ်တုန်ရီနေရင်း သူမတွေးမိသည်က
>>တကယ်ပဲ ငါ့ရဲ့ ရှိစုမဲ့စုအသပြာလေးတွေကို သုံးပြီးဝယ်ရတော့မှာလား
မနေ့ညက စောင်းကြိုးတွေကိုဖြတ်သွားတဲ့ တရားခံဟာ ဘယ်သူလဲဆိုတာ မေးနေစရာတောင် မလိုဘူးအိမ်က အိမ်စေတွေအားလုံးက အဲ့ဒီ့ကိစ္စကို ဘာမှမပြောရဲဘဲ နူတ်ဆိတ်နေတယ် ဆိုကတည်းက ဟိုချီးစားခွေးမလက်ချက်မှန်း တန်းသိတယ်။
VOUS LISEZ
ကျွန်မယောကျ်ား သိကြားသားတော် - Completed (Unicode+Zawgyi)
FantasyI Got Married To The Son Of Sakra ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်က အင်မတန်စိတ်ဓါတ်ခိုင်မာပြီး strong ဖြစ်တဲ့ မိန်းကလေးတစ်ယောက်ပါ ငယ်ငယ်ထဲက နိုင်ငံရေး၊ ဘာသာရေးမုန်တိုင်းတွေကြားထဲမှာ အပေးအယူတွေ၊ ရက်စက်မှုတွေနဲ့ပဲ ကြီးပြင်းခဲ့ရတဲ့သူမဟာ မထင်မှတ်ဘဲအချစ်တစ်ခုက...