အပိုင်း (၄၀) လွဲနေတဲ့ဆုံမှတ်နှစ်ခု

2.4K 104 12
                                    

ကိုဗလထွက်သွားတော့မှ မယ်ဝဒီတစ်ယောက် ကိုယ့်ဘာကိုယ်အသက်ပြင်းပြင်း ရှုသွင်းရှုထုတ်လုပ်ရင်း တဖြည်းဖြည်းစိတ်ပြေသွားသည်။


'ငါ. . .ဘာလို့အဲ့လောက် အဲလောက်စိတ်တိုနေရတာလဲမသိဘူး။ အင်းပေါ့လေ. . စိတ်ထဲမှာ အခုတလော မွန်းကြပ်နေတာတွေများလာတော့ ပေါက်ကွဲထွက်သွားတာထင်ပါတယ်။'

ကြမ်းပြင်မှာပြန်ထိုင်ချပြီး နံရံကိုမှီကာ စဉ်းစားရင်းမှ မနေ့ကဘကြီးတော်စံအိမ်သွားခဲ့စဉ်က အကြောင်းတွေခေါင်းထဲပြန်ဝင်လာမိသည်။

= = = = =

မနေ့က မနက်ကဖြစ်သည်။အစောင့်များခေါ်သည့်နောက်သို့လိုက်ရင်း ဘကြီးတော်ရှိရာအဆောင်ထဲသို့ မယ်ဝဒီဝင်သွားပါသည်။ 

သမားတော်အိမ်မို့ အဆောင်တော်ထဲကို ဝင်လိုက်တာနှင့် ဆေးဖယောင်းတိုင်အနံ့အီအီလေးကို ရမိသည်။ အိမ်ဆောင်ရဲ့ထောင့်လေးတွေမှာလည်း မင်းညီမင်းသားတို့အိမ်တော်တွေ၏ ထုံးစံအတိုင်း ဆီမွှေးလေးတွေထွန်းလို့။ဘကြီးတော်က မှန်စီရွှေချသလွန်ပေါ်တွင်ထိုင်နေပြီးလျှင် မယ်ဝဒီကိုဝမ်းသာအားရ ကြိုဆိုလေသည်။

"လာလာလာ. . ငါ့တူမတော်ကြီး. . . ဝဒီရာ ထိုင်ထိုင်၊ အောင့်မလေး. . . ငါကညည်းကို ငယ်ငယ်တုန်းကပဲ မြင်ဖူးတာကွယ့်၊ အခုတော့ အပျိုကြီးဖားဖားဖြစ်ပါလေရောလား"

ထို့နောက် ဘေးကကျေးကျွန်တို့ကိုလှမ်း၍ အော်လိုက်သည်။

"ကဲကဲ. . တူမတော်ကြီးလာတုန်း နေရာထိုင်ခင်းသေချာပြင်ပေးကြ၊ စားသောက်ဖွယ်ရာတွေ အကုန်ချ ဧည့်ခံကြ. . ."

မယ်ဝဒီက သိမ်သိမ်မွေ့မွေ့လေး ဝင်ထိုင်လိုက်ပြီး

'ဟုတ်ကဲ့. .. ကျေးဇူးပါဘကြီးတော်ဘုရား'

"ဒီမှာ ငါနေပြည်တော်မှာ ဆေးကုပေးပြီးပြန်လာတာ မုန့်ပဲသရေစာတွေ အများကြီးပါလာတယ် စားစား သမီး"

မယ်ဝဒီက သူမရှေ့သို့လာချသော နတ်သုဒ္ဒါလေးကို တစ်ချက်ငေးကြည့်လိုက်သည်။ ဒီလိုမုန့်မျိုးကို သက္ကဒါဝီတိုင်းနန်းတွင်းမှာတင်သာ မြင်ဖူးခဲ့သည်မဟုတ်ပါလား။ အုန်းသီးနံ့လေးမွှေးမွှေးအီအီလေးနှင့် ကောင်းပေ့ညွှန့်ပေ့ဟူသော တော်ဝင်ကုန်ကြမ်းများကိုသာသုံးပြီး ရှင်ဘုရင်များပွဲတော်တည်ရအောင် သေသေချာချာ စားတော်ကဲမှ စီမံပြုလုပ်ထားရပေသော အထက်တန်းစားမုန့်. .၊ နတ်ပွဲများနှင့် အလှူသဘင်များ စသည်ဖြင့် အရေးပါသောအခန်းအနားမျိုးမှာသာ အသုံးပြုကြသော မြင့်မြတ်သည့်မုန့်. .

ကျွန်မယောကျ်ား သိကြားသားတော် - Completed (Unicode+Zawgyi)Donde viven las historias. Descúbrelo ahora