အပိုင်း (၃၅) မိုးပြိုတဲ့နေ့

2.3K 81 12
                                    

ကြိုးစားနေတာကတော့ ချစ်သူအတွက်ပဲ

ဒါပေမယ့် ကြိုးစားနေရတဲ့အရာတွေ အဆင်မပြေလာတဲ့အခါ

ကိုချစ်တဲ့သူကို အပြစ်တင်ဖူးတဲ့အခိုက်အတန့်ဆိုတာ ရှိတတ်ကြတယ်

လူတွေနော် လူတွေ

တော်တော်လည်း အဆိပ်အတောက်များတဲ့ ဟာတွေပဲ. . .

.

.

.

"ဖယ်ကြစမ်း. . ဖယ်ကြစမ်း"

ဆူညံအော်ဟစ်ရမ်းကားသံတို့နှင့်အတူ ဝဒီရာတို့ဆိုင်ရှေ့သို့ ကျားနက်ဂိုဏ်းသားများ အစုလိုက်အပြုံလိုက် ရောက်ရှိလာသည်။ လူက အယောက် ၃၀ခန့်ရှိမည်။ ဘေးမှာလည်း ဈေးခေါင်း အုပ်ကြီးပါပါလေသည်၊ သူတို့အဖွဲ့ဝိုင်းလိုက်ပြီဆိုသည်နှင့် ပတ်ဝန်းကျင်ကလူတွေအကုန် အသံမထွက်ရဲကြတော့ဘဲ အဝေးသို့ရှောင်သွားကြလေသည်။ ထူးထူးခြားခြားမရှောင်ပြေးဘဲနေသူမှာ ဘေးဆိုင်က ငါးစိမ်းသည် လင်မယားပင်ဖြစ်သည်။ ထိုကျားနက်ဂိုဏ်းသားတွေကို ဦးဆောင်လာသည့် ကြီးကြပ်ရေးမှူးဖြစ်ဟန် တူသူတစ်ယောက်ကို ပြုံး၍ပင်နူတ်ဆက်လိုက်ကြပါသေးသည်။

ကျားနက်ဂိုဏ်းသားများက စားပွဲပေါ်မှာရောင်းဖို့တင်ထားတဲ့ ဓါးလက်နက်များကို တွန်းဖယ်. . စားပွဲတွေလဲအောင် ကန်ကြောက်ပြီး ဆိုင်ကိုပါ ရိုက်ချိုးဖျက်ဆီးကြလေသည်။

ဝုန်း. . ဒုံး. . (စားပွဲနှင့် စင်များလဲပြိုကျသံ)

ချလွမ်း. .. (သတ္တုများပွတ်တိုက်သံ)

'အမလေး. . ဘယ်လိုလုပ်လိုက်ကြတာလဲရှင်. .ဘာဖြစ်လို့လဲ'

မယ်ဝဒီလည်း အလန့်တကြားထအော်ပြီး မြေပေါ်သို့ပြုတ်ကျသွားသော ဓါးများကိုပြေးကောက်သည်။

"ဟဲ့ကောင်မ. .. နင်ငါတို့ကျားနက်ဂိုဏ်းရဲ့ခွင့်ပြုချက်မရှိဘဲ လက်နက်တွေကိုခိုးရောင်းနေတယ်ဆို"

>>ဟိုက်. . . ဒုက္ခပဲ၊ ငါတို့ခိုးရောင်းတာ ဘယ်သူတိုင်လိုက်ပြီလဲ မသိဘူး။<<

'ရှင်. . မဟုတ်ပါဘူးရှင်. . မဟုတ်ပါဘူး'

"ဘာမဟုတ်ဘူးလဲ၊ နင်ငါတို့ကို ဆက်ကြေးမပေးချင်လို့ ဈေးချိန်ပြင်ပမှာ ဝယ်သူတွေကို တိတ်တိတ်လေးလိုက်ရောင်းနေတယ်ဆို. . ငါတို့ကိုမလိမ်နဲ့ ငါတို့သိတယ် . . . "

ကျွန်မယောကျ်ား သိကြားသားတော် - Completed (Unicode+Zawgyi)Where stories live. Discover now