ဘီစီ ၅၉၀ ခန့် - - -
.ဖွေးအိသောမြူနှင်းမှုန်လေးများ မြူးတူးကူးပျံ့ရာ ပြာသိုလ၏အေးမြမြဆောင်းရာသီဝယ်ဥတ္တရာပတိုင်း၏ နန်းတော်ရာရှေ့တွင် မြင်းခင်းသဘင်ကို ပျော်ရွှင်စွာစီရင်ကျင်းပလေ့ရှိကြပါသည်။
ဥတ္တရာပတိုင်းမြင်းခင်းသဘင်ပွဲတော်တွင် မြင်းစစ်သည်များက ၎င်းတို့၏မြင်းစီးကျွမ်းကျင်ပုံများကို ကိုယ်နေဟန်အမျိုးမျိုးဖြင့် အစွမ်းပြလေ့ရှိကြသည်။
မြင်းအလှစီးပြိုင်ပွဲဝင်ရာဝယ် . . .
မြင်းကို ကိုယ်ချုံ့၍အလျင်စီးခြင်းအတတ်၊ တဖက်ရန်သူမှကြည့်လျှင် လူမပါလာသည့်နှယ် ကိုယ်ကိုနံဘေးသို့တွဲခိုလျှက်စီးခြင်းအတတ်၊ မြင်းပေါ်တွင် မတ်တတ်ရပ်စီးခြင်းအတတ်၊ မြင်းပေါ်တွင် ကင်းမြှီးကောက်ထောင်ပြ၍ စီးခြင်းအတတ်၊ မြင်းပေါ်တွင်ကျွမ်းထိုးပြခြင်း၊ မီးကွင်းများဖြင့် ကစားခြင်း စသည့် မြင်းစီးအတတ်တို့ကို ယှဉ်ပြိုင်ကြလေသည်။
ထို့အပြင် မြင်းစီးရင်း မြှားပစ်ခြင်း၊ လှံပစ်ခြင်းအတတ်တို့ကို အစွမ်းပြလေ့ရှိကြပြီး၊ နောက်ဆုံးအဆင့်၌ စီးချင်းတိုက်ခြင်းတို့ကိုပါ ယှဉ်ပြိုင်ကြလေသည်။
ပွဲတော်ကို အိုးစည်ဗုံမောင်းသံတို့ဖြင့် မြူးမြူးကြွကြွကျင်းပကြသလို မြင်းပြိုင်ပွဲအနီးတွင်လည်း ရောင်ဝါထိန်ငြီးသော ဆီမီးတိုင်၊ မီးတုတ်၊ မီးပုံးများဖြင့် ပွဲဈေးတန်းကလည်း သိုက်မြိုက်စည်ကားလျှက်. . .
ယခုနှစ် မြင်းခင်းသဘင်ပွဲတော်တွင် မိဖုရားဝဒီရာ၏ကိုယ်ရံတော် ဇေယျကျော်ထင်က ပထမရရှိခဲ့လေသည်။
ပြိုင်ပွဲရလဒ်များကို ကြေငြာပြီးနောက်
ဥတ္တရာပမင်းကြီးနှင့် ဝဒီရာမိဖုရားတို့က ဆုချီးမြှင့်ပွဲကို ကျင်းပနေစဉ် . . .
ပြည်ထဲရေးဝန် ဇွဲဒက္ကမှအပြေးအလွှားလေးရောက်လာပြီး မင်းကြီးအပါးတော်သို့ အရေးပေါ်သတင်းလျှောက်တင်ရန် ချည်းကပ်လာလေသည်။
ဇွဲဒက္ကပြေးလာသည်ကိုမြင်လျှင် စကားဖြူလေးက မယ်မယ်ဝဒီရာကို လက်ညှိုးထိုးကာ အချက်ပြလိုက်လေသည်။
STAI LEGGENDO
ကျွန်မယောကျ်ား သိကြားသားတော် - Completed (Unicode+Zawgyi)
FantasyI Got Married To The Son Of Sakra ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်က အင်မတန်စိတ်ဓါတ်ခိုင်မာပြီး strong ဖြစ်တဲ့ မိန်းကလေးတစ်ယောက်ပါ ငယ်ငယ်ထဲက နိုင်ငံရေး၊ ဘာသာရေးမုန်တိုင်းတွေကြားထဲမှာ အပေးအယူတွေ၊ ရက်စက်မှုတွေနဲ့ပဲ ကြီးပြင်းခဲ့ရတဲ့သူမဟာ မထင်မှတ်ဘဲအချစ်တစ်ခုက...