အပိုင်း ၂၉: ပလေးဘွိုင်းကိုမာဃ (ခေတ္တတာဝတိသာ)

2.4K 86 17
                                    


လွန်လေပြီးသောအခါ . . . 

ပစ္စ န ္တရာဇ်ဒေသ ရာမညတိုင်းအနီးတွင် ဟိမဝန္တာတောင်စဉ်တောင်တန်းမှ ပင်လယ်ဝသို့ ဆင်းသက်လာသော စိန်ကုတ္တမတောင်စွယ်တောင်တန်းများရှိလေသည်။ 

ထိုတောင်တန်းများမှ တောင် ၉၉ လုံးအနက်၊ ကမ္ဘာဧကအမည်ရှိ တောင်တစ်ခုတွင် တိဿ အမည်ရှိ ရသေ့ကြီးတစ်ပါး သတင်းသုံးနေလေသည်။ တစ်နေ့သ၌ တောင်အောက်သို့ ဆွမ်းခံကြွရာမှ အပြန်တွင် လမုတောအတွင်း ရေသန့်စင်မှု ပြုလုပ်နေစဉ် အလွန်ကြီးမားသော အရွယ်အစားရှိသည့် လမုဖူးကြီး တစ်ခုကိုတွေ့လေသည်။

ထို့နောက် ဘရသေ့က ယင်းလမုအဖူးကြီးအား ကျောင်းဆောင်ပေါ်သို့ သယ်ယူလာခဲ့ပါသည်။ ကျောင်းသင်္ခမ်းပေါ်ရှိ ကြမ်းပြင်ပေါ်တွင် လမုသီးကြီးကို ချထားစဉ် ရုတ်တရက် အသီးမှကွဲအက်ပြီး၊ လူသားကလေးအရွယ် သမီးငယ်လေးတစ်ဦး ထွက်လာလေသည်။

သဘာ၀ သစ်သီးသစ်ဥမှ အလိုလျောက် ပေါက်ဖွားလာသော မိန်းခလေး ဖြစ်သောကြောင့် ဖြူဖြူဖွေးဖွေး နုနုထွဋ္ဋ်ထွဋ္ဋ် နှင့် လင်းကြည်သော အဆင်းရှိပြီး အလွန်ချစ်စဖွယ် ကောင်းလှပေသည်။

ပန်းနုရောင် ပါးမို့မို့လေးမှာ နို့ဆာသဖြင့် အော်ဟစ်ငိုကြွေးနေရာ သပြေညွှန့်ရောင် နီတာရဲလေး ဖြစ်နေပါတော့သည်။ ဘရသေ့လည်း မြင်မြင်ချင်း လမုဖူးမှ သံန္ဓေဒဇ ပေါက်ဖွားလာသော ဤမိန်းကလေးတွင် ထူးခြားသော အတိတ်ကံပါရှိရပေလိမ့်မည်ဟု သနားကြင်နာစွာဆင်ခြင်မိသဖြင့် သမီးအရင်းသဖွယ်မွေးစားရန် ဆုံးဖြတ်လိုက်လေသည်။ 

ကလေးငယ်အား နို့ချိုတိုက်ကျွေးရန်အတွက် လက်ညိုှးမှ နို့ရည်ထွက်စေရန် အဓိဋ္ဌာန်ပြုပြီး၊ သမီးငယ်လေးကို ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့သည်။ လမုအဖူးမှ ဖွားသော ကလေးဖြစ်သောကြောင့် 'မယ်လမုဖြူ' (မွန်ဘာသာဖြင့် မယ်ကမု) ဟု အမည်ပေးထားလေသည်။

တဖြည်းဖြည်းနှင့် မယ်လမုဖြူ အရွယ်ရောက်လာသော် သမီးမိန်းကလေး ဖြစ်နေသောကြောင့် ကျောင်းသင်္ခမ်းနှင့် မအပ်ဆက်သဖြင့် ဘရသေ့မှမယ်လမုဖြူအား ကျောင်းအပြင်ဘက်တွင်သာ တစ်နေ့တာ အချိန်ကုန်စေပါသည်။ နေ့စဉ်တောဂနိုင်အတွင်းမှ စားသောက်ဖွယ်ရာနှင့် သောက်တော်ရေ၊ သုံးတော်ရေတို့ကို ရှာဖွေရသော အမှုကိုပြုစေ၏။

ကျွန်မယောကျ်ား သိကြားသားတော် - Completed (Unicode+Zawgyi)Nơi câu chuyện tồn tại. Hãy khám phá bây giờ