ဘေးမှ အစောင့်အရည်းကြီး အတင်းတားသည့်ကြားကနေ၊ အတားအဆီးကို လွှားခနဲဖြတ်ကျော်ကာ စင်ပေါ်သို့ အတင်းတက်သွားပြီး ပြေးကြည့်လိုက်သည်။
>>ဘုရား ဘုရား. .. . သူ မဖြစ်ပါစေနဲ့လို့ <<
ရင်ထဲကလည်း ချက်ချင်းကြီးလေးလံလာတာ. . .အစိုးရိမ်ကြီး စိုးရိမ်သွားတဲ့စိတ်နဲ့ပေါ့။ ကတုန်ကရင်နဲ့ ခြေဖျားလက်ဖျားတွေပါ အေးစက်လို့. .။ တစ်နေ့က မသဒ္ဒါစာမေးပွဲအောင်သွားပြီးပြီလေ။ စာမေးပွဲပြီးတာနဲ့ လက်ထပ်တော့မှာလို့ သူပြောခဲ့တာ မဟုတ်လား။
မဏ္ဍပ်ပေါ်က လူစုအနည်းငယ်ကို အတင်းဖယ်ကာဝင်တိုးလိုက်မိသည်။ လူများအလယ်မှာ လုလင်ပျိုတစ်ဦးက မိန်းကလေးတစ်ယောက်၏ အလောင်းကို ဖက်ခါငိုနေခြင်းဖြစ်သည်။
ဒီအခါမှာတော့ မယ်ဝဒီ ဘယ်လိုပဲ ဆုတောင်းဆုတောင်း သည်ဆုတောင်းကတော့ မပြည့်နိုင်တော့ပါ။ သူမ မျက်စေ့ရှေ့မှာပင် ဝင်သက်ထွက်သက်တို့ ကင်းမဲ့နေသော မမသဒ္ဒါပါလကို တွေ့လိုက်ရလေသည်။
'အား. .ဟားဟား. .လူယုတ်မာတွေ. .'
ဆောက်တည်ရာမရ ပြိုလဲပြီး ငိုကြွေးနေသူက သူ၏ချစ်သူ ဇေယျကျော်ထင်ပင် ဖြစ်လိမ့်မည်။ မသဒ္ဒါရဲ့ ခေါင်းကိုသူ့ရင်ဘတ်မှာအပ်လို့ ပါးလေးကို တယုတယကိုင်ကာ ငိုနေလိုက်တာ. . .
သူ့ရင်ထဲက မမသဒ္ဒါကတော့ နူတ်မဆက်ဘဲ ထွက်ခွာသွားခဲ့ပြီ။ သူမရဲ့ လည်ပင်းမှာ ညိုမည်းစွဲရာကြီးနှင့် လည်ပင်းညှစ်ပြီး အသတ်ခံထားရခြင်းဖြစ်လေသည်။
>>ရက်စက်လိုက်ကြတာ<<
မယ်ဝဒီ ဝမ်းနည်းပက်လက် ထိုင်ကျသွားပြီ။ သဒ္ဒါ၏အလောင်းကိုမြင်သည်နှင့် စိတ်မထိန်းနိုင်တော့ဘဲ မျက်ရည်များ အလိုလိုကျဆင်းလာလေသည်။ ဖြစ်နိုင်လျှင် ဇေယျကျော်ထင် ကဲ့သို့ပင် ရင်ဘတ်ကွဲအောင် အော်ငိုပစ်လိုက်ချင်သည်။
>>သြော်. . . ဆုံးသွားတာတောင် သူ့မျက်နှာလေးက အေးချမ်းနေလိုက်တာ မမသဒ္ဒါရယ်. .<<
မမသဒ္ဒါရဲ့ အလောင်းဘေးမှာ မူးလဲမတတ်ဖြစ်နေသော အဒေါ်ကြီးတစ်ဦးလည်းရှိသေးသည်။ သူ့ကိုပွေ့ထူရင်း ဖျောင်းဖျနေသော ဦးလေးကြီးတစ်ဦးကလည်း ငိုလျှက်. .
KAMU SEDANG MEMBACA
ကျွန်မယောကျ်ား သိကြားသားတော် - Completed (Unicode+Zawgyi)
FantasiI Got Married To The Son Of Sakra ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်က အင်မတန်စိတ်ဓါတ်ခိုင်မာပြီး strong ဖြစ်တဲ့ မိန်းကလေးတစ်ယောက်ပါ ငယ်ငယ်ထဲက နိုင်ငံရေး၊ ဘာသာရေးမုန်တိုင်းတွေကြားထဲမှာ အပေးအယူတွေ၊ ရက်စက်မှုတွေနဲ့ပဲ ကြီးပြင်းခဲ့ရတဲ့သူမဟာ မထင်မှတ်ဘဲအချစ်တစ်ခုက...