အပိုင်း (၅၁) အချစ်က သေဆိုသေ ရှင်ဆိုရှင်

2.8K 176 29
                                    

ဒူ ဟူ ဟူ ဟူ ဟူ. . . (မင်္ဂလာမောင်းသံ)

"မင်းကြီးကြွချီတော်မှုလာပါပြီ ခင်ဗျား"

မယ်ဝဒီလည်း မျက်ရည်စိုစိုမျက်နှာဖြင့် ထိုင်နေရာမှ ရုတ်တရက်မော့ကြည့်လိုက်ပြီးနောက် အများနည်းတူ ညီလာခံကြမ်းပြင်တွင် မင်းကြီးကြွလာမည့်လမ်းကို ဦးညွှတ်ကန်တော့သည့်ဟန် ဝပ်ဆင်းကာ ထိုင်ချလိုက်ရသည်။

စောစောက ဝတ်ရုံတွေကိုယူသွားတဲ့နောက်မှာတော့ မယ်ဝဒီမှာ လူသတ်ချင်စိတ်ပေါက်နေလေရာ. .

ကိုယ့်စိတ်ကိုယ်ကိုတော်တော်ထိန်းချုပ်ယူနေရသည်။ ဒေါသတွေကို ကြိတ်မှိတ်ပြီးမျိုချလိုက်ခါမှ မျက်ရည်တွေအဖြစ်ပြောင်းကာ အမုန်းမျက်ရည်တွေက တလိမ့်လိမ့်ဖြင့်စီးကျကြပြန်သည်။

>>ငါနော်. . .. ဒေါသတွေမျိုချပြီး အဲ့ကောင်မမျက်နှာကို မကြည့်မိအောင်နေနေရတယ်။

မဟုတ်လို့ရှိရင် သူ့မြင်တာနဲ့ဆံပင်တွေဆွဲပြီး ပါးတွေချည်းလှိမ့်ရိုက်ချင်စိတ်ပေါက်နေလို့. .ဒီပြိုင်ပွဲကလည်း ဟိုတစ်ခါက က္ကိန္ဒြေသိက္ခာကိုစစ်ဆေးတာက ပါသေးတာဆိုတော့လေ. . တော်ကြာပွဲကြမ်းမိလိုက်မှ ပိုဆိုးသွားမှာစိုးလို့. . <<

မာယာနတ်ရှင်ကတော့ မင်းကြီးကြွမလာမှီမှာ သူ့ရဲ့အပျိုတော်များနှင့် တီးတိုးကြိတ်၍ စကားတွေပြောနေသည်။

>>သူ့အပျိုတော်တွေက စောစောကညီလာခံအထိဝင်လာပြီး သူ့ကိုဘာတွေတိုင်ပင်နေပြန်ပြီလဲ မသိဘူးနော်. . အဲ့ကောင်မတွေက အတွင်းကောက်မတွေ . . အကြံတော့ရှိရမယ်။

သူများအဖြေလွှာကိုဖျက်ဆီးလို့ သူ့ကိုထုတ်ပယ်တယ်ဆိုရင် သိပ်ကောင်းမှာပဲ။ ဒါပေမယ့် သေချာတာတော့ ငါ့ဖြေလွှာကစုတ်ပြတ်သတ်သွားပြီ

ဒါနဲ့. . ဒီနေ့လိုက်လာပေးကြတဲ့ အပျိုတော်တွေထဲမှာ ခင်နှင်းကြည်ဖြူကိုမတွေ့ပါလား။ ဂြိုလ်မွှေတဲ့ သရက်

သီးသည်မ ဘယ်ရောက်သွားပါလိမ့်. . <<

ပြိုင်ပွဲစည်းဝိုင်းအပြင်ကိုလှမ်းကြည့်လိုက်တော့ မိယွန်းဖြူ၊ ဇေယျကျော်ထင်နှင့် ငစောထူးတို့ကလည်း ပုဆစ်တုပ်ထိုင်ကာ ခေါင်းငုံ့ထားကြသည်။

ကျွန်မယောကျ်ား သိကြားသားတော် - Completed (Unicode+Zawgyi)Where stories live. Discover now