အပိုင်း (၁၅) ဆွဲကြိုးက ရေးတဲ့ဘဝကြမ္မာ

2.2K 61 5
                                    

'အလိုလေး ကုန်ပါပြီတော်. . '

အခန်းအတွင်းမှ ဘီရိုအံဆွဲများပွင့်နေပြီး ကြေးမုံရှေ့တွင် ပစ္စည်းများပွစာကျဲနေသည်ကို မြင်လိုက်ရသည်နှင့် မိယွန်းဖြူကပါ အနောက်မှလန့်၍ ထအော်လိုက်လေသည်။

ဝဒီရာ၏ ရတနာများထည့်ထားသော ယွန်းသေတ္တာငယ်ကလေးက ပွင့်နေပြီး အထဲမှ ရတနာများလည်း ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေသည်။ တစ်စုံတစ်ယောက်က ကျကျနနမွှေနှောက် သွားခြင်းဖြစ်လေသည်။ မယ်ဝဒီခမျာ ဘာစကားမှ ဆက်မပြောနိုင်တော့ပဲ ရတနာသေတ္တာရှိရာသို့ အမြန်ပြေးသွားလေသည်။

>>သွားပြီ. . . ပတ္တမြားဘယက် မရှိတော့ဘူး. .<<

'ဟဲ့ လာကြစမ်း

ငစောထူးရေ. . ငစောထူး. . . '


"ဗျာ မမလေး"

ငစောထူးလည်း မယ်ဝဒီ၏ ဒေါသသံကြောင့် အူယားဖားယားနှင့် ပြေးဝင်လာလေသည်။

'နင့်ကိုအခန်းစောင့်ခိုင်းခဲ့တာ. . နင်ကဘယ်သွားနေရတာလဲ။

ငါ့အခန်းကရော အဘယ်အရေးကြောင့် မွှေနှောက်ခံတာလဲ'

"ဒါ. . ဒါ. . .မမလေးဘုရား. . ကျွန်တော်မျိုး "

အခန်းဝမှနေရင်း အဖြစ်အပျက်များကိုတွေ့လိုက်ရသည်နှင့် ငစောထူးခမျာ လက်တွေဒူးတွေတုန်ကာ ကြမ်းပြင်ပေါ်သို့ ကွေးညွှတ်ကျသွားလေသည်။

'ဟဲ့ငစောထူး. . .နင့်မှာ အလုပ်ဆိုလို့ ဒီဒရဝမ်စောင့်ရတဲ့ အလုပ်ကလေးတစ်ခုပဲရှိတာကို သေချာမလုပ်နိုင်ဘူး။

ကြည့်အုံး ငါ့အခန်းထဲကိုမွှေနှောက်သွားတာ . . နင်တို့ကျွန်ယုံတွေ အလွန်ပေါ့လျော့သကိုး. '

"ကျွန်တော်မျိုး သေသင့်ပါတယ် မမလေးရယ်. ."

'ပြောစမ်း. . ငါမရှိတုန်း ငါ့အခန်းထဲကို ဘယ်သူဝင်သွားတာလဲ'

>>ဒါဘယ်သူ့လက်ချက်ဖြစ်နိုင်မလဲနော်. .၊ စံအိမ်ထဲမှာတင် ပျောက်သွားတဲ့ကိစ္စ

သေချာတာတော့ ငါအိမ်ရှေ့စံကြင်ယာတော်ဖြစ်မှာကို မနာလိုဖြစ်နေတဲ့သူ . . .ထိပ်ဆုံးကဆိုရင်တော့ ဟိုကိုယ်လုပ်တော် ခွေးချီးမတွေလက်ချက်ပဲရှိတာပဲ<<

ကျွန်မယောကျ်ား သိကြားသားတော် - Completed (Unicode+Zawgyi)Donde viven las historias. Descúbrelo ahora